"ဂျောင်ဂု "
မနက်စာစားနေသည့် ဂျောင်ဂုက
ခရီးဆောင်အိတ်ကိုဆွဲကာ အောက်ဆင်းလာသော ဟိုဆော့ကို မြင်ပြီး အလိုလိုမျက်မှောင်ကျုံ့သွားလေသည်။"ငါအိမ်ပြောင်းတော့မယ်"
"ဘယ်လို!"
"မင်းငါ့ကိုနားလည်ပေးပါ။
ငါတစ်ယောက်တည်း လျှောက်လှမ်းသင့်ပြီမို့ ငါထွက်သွားပါရစေ""Sun ဒါပေမယ့်!"
Sunက သူ့စကားမဆုံးသေးခင် ဖြတ်ပြော၏။
"ငါသွားမှာ ငါ့ကိုမတားနဲ့။
မင်းနဲ့ငါကအရင်တုန်းက ဟန်ဆောင်
ထားတာမို့ တစ်အိမ်ထဲနေတာ
သင့်တော်ပေမယ့် အခုက မင်းမှာဂျီမင်ရှိနေပြီ အမှန်တိုင်းပြောရရင် ငါကဒီအိမ်နဲ့ဘာမှ သက်ဆိုင်တာမဟုတ်ဘူး ။
ငါသူများအိမ်ပေါ်အလကားတက်နေတာမျိုး မဖြစ်ချင်ဘူး နားလည်တယ်မလား။မင်းငါ့ကိုနားလည်ပေးပါ။ ပြီးတော့ ငါဘာသာရပ်တည်ချင်တယ် ဂျောင်ကု"ဂျောင်ကုက sunရဲ့စကားေကြာင့် သက်ပြင်းတစ်ချက်ချကာ လက်မခံချင်ပေမယ့်လည်း လက်ခံလိုက်ရသည်။သူ
sunရဲ့သဘောထားကို နားလည်ပါသည်။"မင်းဘယ်မှာနေမှာလဲ ငါလိုက်ပို့ပေးမယ်"
"ရတယ်။ ငါဘာသာသွားပါ့မယ်
အိမ်လည်လာချင်ရင် ငါမနက်ဖြန်လိပ်စာပို့လိုက်မယ်"Sun ဆက်ဆံတဲ့ပုံတွေက တဖြည်းဖြည်း သူစိမ်းဆန်လာသလိုပဲ ။
"Sun..ငါ့အပေါ်ဘာလို့ အဲ့လောက်စိမ်းကားရတာလဲ"
"ငါစိမ်းကားနေတာ မဟုတ်ဘူး..
မင်းကလည်းကွာ ငါအိမ်နေရာချရအုံးမှာ။ မင်းလာရင် ရှုပ်နေလိမ့်မယ်
ဂျီမင်ကို ကုမ္မဏီလိုက်သွားပေးမလို့ဆို
မင်းနောက်ကျနေမှာစိုးလို့""ဟင်းး တစ်ခုခုအကူအညီလိုရင် ငါ့ကိုဖုန်းဆက်ကြားလား။ မင်းမှာ
သူငယ်ချင်းဆိုလို့ ငါပဲရှိတာမလား ""အေးပါ ငါသွားတော့မှာ
ဖေဖေလေးကို သွားနှုတ်ဆက်လိုက်အုံးမယ်"ဂျောင်ကုခေါင်းအနည်းငယ်ငြိမ့်ပြ
လိုက်သည် ။ Sunက လွတ်လွတ်လပ်လပ်နေချင်မှာပေါ့။ကင်ထယ်ယောင်းနဲ့ပက်သက်ပြီး Sunက အတော်လေးနောင်တရနေသည်။ ကင်ထယ်ယောင်းက sunရဲ့ အချစ်ဦးမို့ ပြီးတော့ Seokieလေးရဲ့ အဖေဖြစ်တာကြောင့်
Sunက သူတွန်းထုတ်နေပေမယ့်လည်း
သိပ်ချစ်ခဲ့တာ ။ ကျွန်တော် sunကို
နားလည်ပါတယ် ။အရှုပ်တွေလည်း အားလုံးရှင်းပြီးပြီဆိုတော့ ကျွန်တော့်အိမ်မှာ သူလည်း ဘယ်ဆက်နေချင်ပါ့မလဲ။