အပိုင်း (၄၀)

448 17 0
                                    

Jeon groupမှ ရှယ်ယာဝင်ထားသော
ဆေးရုံဝန်းကြီးထဲတွင် လူနာတင်ယဉ်၏
အချက်ပေးသံများ လွှမ်းခြုံသွားသည် ။

"ကားသေးနဲ့ကားကြီး ညှိတာတဲ့"

"အထဲထဲက လူတွေကရော"

"ဒဏ်ရာအပြင်းအထန်ရထားတယ်ပြောတယ်။ ငါ Ambulance ထဲကို လှမ်းမြင်လိုက်တာ သွေးတွေရဲနေတာပဲ"

"၁၀ဘီးကားကဝင်တိုက်တာဆို"

"ဟယ် အထဲကလူတွေတော့ အသက်ရှင်တာ ကံကောင်းတယ် မှတ်ရမယ်"

ဆေးရုံထဲရှိ ကောင်တာ၌ Nurseများက တီးတိုးစကားဆိုနေကြသည် ။

"Jeon groupက CEOကို ဖုန်းဆက်ကြ မြန်မြန် အခုယဉ်တိုက်မှု့ဖြစ်တာက
CEO Jeon Jungkookတဲ့"

အနားသို့ရောက်လာသော ခွဲစိတ်ခန်းဝတ်စုံကိုဝတ်ထားသည့်
လက်ထောက်ဆရာဝန်မ က ပြာတိပြာယာပြော၏။

"ဟယ်! ခုနက သွေးတွေနီရဲနေတာ
CEO Jeon Jungkookလား Jeonအိမ်တော်ရဲ့ ဆက်ခံသူလေ "

"ဟုတ်တယ် အဲ့တာကြောင့် သူ့အဖေကိုအမြန်ဖုန်းဆက်ခိုင်းတာ...
နောက်မှမေး အခုဆက်"

တစ်ယာက်က ဖုန်းဆက်နေတုန်း
ကျန်Nurseတစ်ယောက်က..

"နောက်တစ်ယောက်ကရော ဘယ်လိုဖြစ်သွားလဲ "

"အဲ့တာတော့ ငါလည်းသေချာမသိဘူး
နင်တို့သိလား အရင်ကParkအိမ်တော်ရဲ့ဆက်ခံသူဟောင်းလေ Park Jimin..Dominant Alphaလို့လိမ်ထားရင်း Soft omegaမှန်း ပေါ်သွားတာလေ"

"သိတယ် သိတယ် Winter Bear Companyက CEOအသစ် မလား
အရမ်းချောတဲ့တစ်ယောက်လေ
သူက CEO Jeon Jungkookနဲ့ လက်ထပ်တော့မှာမလား။
ကလေးတစ်ယောက်တောင်ရှိတယ် ကြားတယ်"

"ဟုတ်တယ် သူပဲ ။
အခင်းဖြစ်တဲ့နေရာရောက်တော့
ကားက လုံးဝဇောက်ထိုးကြီး
ဖြစ်နေတာ ။ အထဲကနေ လူကို ဆွဲထုတ်မယ်လုပ်တော့
CEO ဂျွန်ဂျောင်ကုကCEO ပတ်ဂျီမင်ကို ထိခိုက်မှာစိုးလို့ အပေါ်စီးက မိုးပြီး
ရင်ခွင်ထဲ တင်းနေအောင် ဆွဲဖက်ထားတာတဲ့။ အဲ့တာကြောင့် CEOပတ်ဂျီမင်က သိပ်မထိခိုက်လိုက် ပေမယ့် ခေါင်းနဲ့ လက်တစ်ဖက်မှာတော့ သွေးတွေရဲနေတာပဲ။ အတွင်းဒဏ်ရာမဟုတ်ဘဲ ပြင်ပဒဏ်ရာဖြစ်လောက်တယ်။
CEO Jeon Jungkookကတော့
အတော်လေးထိသွားတာ ၊ခေါင်းတွေရော ၊လက်တွေရော
သွေးခုန်နှုန်းတွေလည်းကျ ၊ ကျောမှာလည်း မှန်စရှရာတွေနဲ့
အခြေအနေမကောင်းဘူး..."

MAGNET Where stories live. Discover now