ဂျောင်ကုက rutဝင်နေတော့
ကုမ္မဏီကို သူကသွားရပေဦးမည် ။
နေကို နေနိုင်လွန်းတဲ့ဟာလေးတွေ ။
ကုမ္မဏီCEOလုပ်နေကြပြီး ကုမ္မဏီလာတော့
တစ်ပတ်မှာ ၃ရက်၊၄ရက် ။
ဟိုတစ်ယောက် ပတ်ဂျီမင်ကလည်း
ကုမ္မဏီCEOဖြစ်တာ ဒီနေ့နဲ့မှ တစ်ရက် တစ်မနက်ပဲရှိသေးတယ် မနေ့ကပဲ ကုမ္မဏီသွားပြီး ဒီနေ့ကြေတာ့ သူယောင်္ကျားနားကပ်နေတာနဲ့
မသွားပြန်ဘူး ။ ကုမ္မဏီဒေဝါလီခံရမှာ
မြင်ယောင်နေတယ် ။ဟုတ်တယ် လုပ်ကြ မင်းတို့ပဲ လုပ်ကြ ။
ငါနောက်ယောင်္ကျားယူမှ မင်းတို့ကို
ကလဲ့စားချေပြမယ်။စကားအဖြစ်သာပြောတာ နှလုံးသားက
နောက်တစ်ယောက်ကို ထပ်လက်မခံနိုင်တော့ပဲ သူ့ကိုသာ
စွဲလန်းနေမိတာ ။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့အတိုင်း
ဂျောင်ဟိုဆော့သွားရာ
မိုးလိုက်ရွာတော့သည် ။ဘီးပေါက်သွားသော မိမိကားကိုကြည့်ရင်း
စိတ်ပျက်စွာ စုတ်သပ်မိသည် ။
စိတ်ပေါက်ပေါက်နဲ့ ကားတာယာကို
စောင့်ကန်လိုက်ရာ တင်ပါးတစ်လျှောက်
ကျင်တက်လာသော ဝေဒနာကြောင့်
စောင့်ကြောင့်ထိုင်ချလိုက်မိသည် ။
Sh*t နာလိုက်တာ ။ဟိုအကောင်ကို ပြန်တွေ့လို့ကတော့
ကြိုးတုပ်ပြီး ရိုက်သတ်ပစ်မယ် ။
ဘာလို့ ကွဲသွားအောင်ထိ လုပ်ရသလဲ ။
အဲ့ သောက်အယ်လ်ဖာတွေက
သူများသားသမီးကို မညှာမတာ လုပ်ရတာကို
သောက်ရမ်းသဘောကျသလား မမေးနဲ့ ။
ကင်မ်ထယ်ယောင်း တစ်ယောက်နဲ့တင်
၂ရက်လောက် လမ်းမလျှောက်နိုင်
ဖြစ်ခဲ့ရတာကိုးး ။လူပျိုလူလွတ်တစ်ယောက်မဟုတ်သည့်
အပြင် ကလေးတစ်ယောက်ပါရှိ
နေသေးသည့်
ကိုယ့်ကို ထိုသို့လုပ်စရာလား ။
ကိုယ်ကျင့်တရားမရှိတဲ့ အောက်တန်းစားကောင် ။ကားဝပ်ရှော့ကို ဖုန်းဆက်သော်လည်း မအားသေးလို့
နောက်တစ်နာရီလောက်မှ ရောက်နိုင်မယ်တဲ့လေ။
အဲ့တော့ မင်းမေလင် ငါကဘယ်လိုဆက်သွားရမှာလဲဟု
ဆဲခဲ့လိုက်သည်။ ကုမ္မဏီက သွားရအုံးပါမယ်ဆို ကားမရှိတော့့ငါကတာွးသွားရမှာလား ။
ကျစ်
ကားအသွားအလာကြဲသည့် လမ်းမမို့ ပိုဆိုး၏။
အကူအညီတောင်းရန် ကားတားဖို့
ကြံတော့လည်း ကားတွေကကျော်သွားကြသည် ။