တကယ် လက်ရဲဇက်ရဲလုပ်ရဲတဲ့ ဂျွန်ဂျောင်ဂုကို သူသိပ်တော့ မအံ့ဩမိပါ။ ဂျွန်ဂျောင်ဂုရဲ့ဗီဇကိုက အဲ့ဒီလိုပဲလေ..။
"မေ့ဆေးက အခုချိန် အလွယ်တကူ မရနိုင်ဘူး"
"အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ"
"အရင်ဆုံး မင်းကိုဂျီမင်က မမှတ်မိတာ သေချာသွားပြီ ။ နောက်တစ်ဆင့် ဂျွန်ဂျောင်ကု ဆိုတဲ့ နာမည်ကို
သူသိလား မသိလား ငါတို့သိအောင်လုပ်ရမယ်""ဂျီမင်ရဲ့pheromoneက ဘာလို့ပျောက်သွားတာလဲ ဆိုတာ သိမှရမယ်"
"မင်း ဂျီမင်ကို ပြန်ချဉ်းကပ်ရင် ဘယ်လိုလဲ...ဂျီမင်နဲ့တဖြည်းဖြည်း ရင်းနှီးအောင်လုပ်ပြီး စုံစမ်းကြည့်"
ကင်မ်၏စကားကြောင့် Jeonက ခဏတာငြိမ်သက်သွားပြီးနောက်
သူ၏ရှုပ်ပွနေသော ဆံသားတို့အား
သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်သပ်တင်လိုက်သည် ။"စမ်းကြည့်ရမှာပေါ့ ။ အဲ့လိုလုပ်တာက ပိုအဆင်ပြေမယ် ။လက်ထပ်ဖို့ စီစဉ်ထားပြီးမှ လက်မထပ်လိုက်ရတဲ့ သတို့သားလောင်းကို ပြန်လိုက်ရမယ်ဆိုတော့ ရင်တော့ခုန်သား။ ကျေးဇူးပဲ ကင်မ်ထယ်ယောင်း ခင်ဗျားအလှည့်ကြရင် ပြန်ကူညီပါ့မယ်
အခုတော့သွားလိုက်ဦးမယ်""မင်းစကားမမေ့နဲ့နော် ဂျွန်ဂျောင်ကု။
ရော့ ကားသော့
Good luck!"ကင်မ်ပစ်ပေးလိုက်သော
ကားသော့ကို
ဖမ်းလိုက်ပြီး..."Thanks"
Jeonသည် သန့်စင်ခန်းထဲမှ ထွက်လာပြီး ဘားထဲသို့ တန်းဝင်သွားလေသည်။ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာစတိုင်လ်ကျကျလျှောက်
လှမ်းလာသည့် သူ။ ဘားထဲရှိ စားပွဲတိုင်းက အိုမီဂါ၊ အယ်လ်ဖာတို့ပါ မကျန်အကုန်ငေးမောသွားကြရသည် ။
သူလျှောက်လှမ်းလာသည့် လမ်းတစ်လျှောက် ကောဇောနီ ခင်းထားသည့်အလား ကြွရွလျက်မိမိုက်နေ၏ ။အသက်သုံးဆယ်အရွယ်နားရှိ ထိုအမျိုးသားဟာ ခန့်ညားမှု့အပေါင်းတို့အား သိမ်းကြုံးပိုင်ဆိုင်ထားသလိုပင်။
အသက်သုံးဆယ်အရွယ် လို့ပင်
မထင်ရလေအောင် နုနေသော ရုပ်ရည်က
သူ၏အားသာချက် ။
မြင့်မားသော အရပ်အမောင်းက
အမျိုးသားတိုင်း အားကျရသည့်အပြင်
ရှည်လျားသော ခြေတံတို့က
ဝတ်ဆင်ထားသော သားရေဘောင်းဘီအကျပ်ကြောင့်
ကြွက်သားတို့ဖြင့် ဖွဲ့စည်းထားပုံအား
တိကျစွာ တွေ့မြင်နေရသသည် ။
ကျယ်ပြန့်သော ပုခုံးနှင့် ကြီးမားသော
ရင်ခွင်ကာ ပစ်ဝင်ချင်စရာ။