ဖြစ်ခါနီးစဲစဲ၊ ဒါပေမယ့် မဖြစ်လိုက်ဘူး
"Jimin ssi..ကျွန်တော် ခဏဝင်လာမယ်နော်"
"အင်း..ရတယ်"
Sun က ဂျီမင်ရဲ့အခန်းထဲသို့
ဝင်လာပြီးနောက် တစ်ခုခုပြောစရာ
ရှိနေသည့်ပုံပင်။"ပြောစရာတစ်ခုခုရှိလို့လား"
"မနက်က ကလေးတွေနဲ့ကစားပေးလို့
ကျေးဇူးတင်ပါတယ် ကလေးတွေက
အရမ်းပျော်နေတာ""အာ..အဲ့ဒါ..ငါက ဒီတိုင်း
သူတို့သဘောကျတာလေး လုပ်ပေးရုံပါပဲ"မျက်နှာလေး ပန်းရောင်သန်းလာပြီး
ရှက်ရိပ်သန်းသွားသည့် ဂျီမင်က
ချောင်းဟန့်ကာ မျက်နှာကိုတစ်ဖက်သို့ လွှဲလိုက်သည်။"မင်းမှာ ထပ်ပြောစရာရှိနေသေးလို့လား"
ဂျောင်ဟိုဆော့ က
တစ်ခုခုထပ်ပြောဖို့ကို တွန့်ဆုတ်နေပုံဖြစ်နေပုံရတာကြောင့်
မိမိဘက်ကသာ စပြီး လမ်းဖွင့်ပေးလိုက်သည်။"လာထိုင်လေ..တစ်ခုခုပြောစရာရှိသေးတဲ့ပုံပဲ"
"ငါတကယ်တော့ မင်းကို ပြောမထွက်ဘူးဖြစ်နေတာ.."
"ရပါတယ်။ ကိစ္စ မရှိဘူးပြောပါ"
"ငါတကယ်ကို မင်းကိုအားနာမိတယ်။
ငါ့အတွက်ကြောင့် မင်းနဲ့ဂျောင်ဂုကြား
အတော်လေး အဆင်မပြေဖြစ်နေရတယ်လို့ခံစားရတယ်။ ဂျောင်ဂုက ငါ့ကိုတကယ်သဘောမကျဘူး..။
ငယ်ငယ်လေးတည်းက ခင်လာတဲ့
သံယောဇဥ် နဲ့ အချစ်ကို လွှဲမှားပြီး
သိနေတာ ""မင်းကြောင့်မဟုတ်ပါဘူး..။
ငါနဲ့သူနဲ့က မင်းမရှိရင် တောင်
အဆင်ပြေမယ့်သူတွေ မဟုတ်ဘူး
ငါ ဂျွန်ဂျောင်ကု ကိုအရမ်းမုန်းခဲ့တာ
အခုထိလည်း မုန်းနေစဲပါပဲ။
သူကြောင့် ငါ့ဘဝတစ်ခုလုံး
ဆုံးဆုံးနစ်ခဲ့ရတယ် အဲ့တာတွေ
စဥ်းစားလိုက်တိုင်း ငါရင်ထဲအတိုင်းမသိပူလောင်လာတယ်။
အဲ့အပူကို လေးနှစ်တာ ရင်ထဲသိမ်းဆည်းထားခဲ့တာ ငါတစ်နေ့မှ စိတ်မချမ်းသာခဲ့ရဘူး။ဂျွန်ဂျောင်ကု ဒီကိုပြန်ရောက်လာတဲ့အချိန်
ငါသူ့ကို သတ်ပစ်မယ်ဆိုပြီး ကြံစည်ခဲ့တယ်။သူ့ကိုသာဆို သတ်ပစ်ဖို့ ဝံ့ရဲပေမယ့် ငါမလုပ်နိုင်ခဲ့ဘူး။ ကလေးနှစ်ယောက်ရှိနေလို့လေ...
အဲ့ကလေးလေးနှစ်ယောက် ဖခင်မဲ့သွားမှာ ငါမလိုလားဘူး..။
သူတို့ကို ချစ်ပေးတဲ့ဖခင်တစ်ယောက်ကိုငါမသတ်နိုင်တော့ဘူး..။
ငါ့တုန်းက အဖေရှိလျက်နဲ့ ချစ်ခင်မှုမခံခဲ့ရတော့ အဖေမရှိသလိုပဲနေခဲ့ရတယ်။
ဒါပေမယ့် ဒီကလေးနှစ်ယောက်က
သူတို့ကိုအရမ်းချစ်တဲ့ အဖေရှိသေးတယ် ဖခင်မရှိတဲ့
ခံစားချက်နဲ့မရှင်သန်စေချင်ဘူး"