အပိုင်း (၁၆)

574 43 0
                                    

Alphaကြီးတော့ အဆော်ခံနေရပြီ

ဝမ်းမနိုင်ဘဲ ပဲကြီးဟင်းမသောက်နဲ့ဟူသော စကားပုံသည် မာနခဲလေးအတွက်ဖြစ်လာသလား မေးရမည်။ရန်သူကို အထင်မသေးနဲ့ဆိုသည့်
စကားနဲ့ ဆန့်ကျင်စွာ ရန်သူကို ယုန်လေးပမာ ထင်မြင်ပြီး အထင်သေးလွန်းနေသော မာနခဲလေးမှာ အခုတော့ ရန်သူ​အောက် ပိပြားအောင် အဖိခံနေရချေပြီ ။

တစ်ကိုင်​ပေါက်စာလို့ ပြောခဲ့တဲ့
မာနခဲလေးက အခုတော့ သူကိုယ်တိုင်
တစ်ကိုင်ပေါက်စာလေးလို
ညှက်ညှက်ကျေခဲ့ရပြီ..။စကားပုံများက လက်တွေ့မှာ
အလွန်မှန်ကန်နေတယ်ဆိုတာ
ပတ်ဂျီမင် မှ သရုပ်ဖော်ပြလိုက်တော့သည် ။

"အား...အား...နာတယ်"

ဒီအသံက ဘယ်သူ့အသံလို့
ထင်ပါသလဲ..။
မာနခဲလေး အသံလို့ထင်ရင်
မှားသွားပါလိမ့်မယ်..။

"ငါ့ဆံပင်..လွှတ်စမ်း..ပတ်ဂျီမင် "

"ခွေးကောင် မင်းငါ့ကို မနေ့တုန်းက
လုပ်တော့ အကောင်းလား..။
မင်းကိုငါ ဒီနေ့ အသေသတ်ပစ်မယ်"

"အားးးးး...ငါမင်းကို ဘာမှမလုပ်ရသေးဘူးလေ"

သူတို့နှစ်ယောက်ရဲ့ မနက်ခင်းလေးကတော့ တတိယကမ္ဘာစစ်လို...

သန်မာလွန်းတဲ့ Dominant Alpha ဂျောင်ကုတစ်ယောက် Soft Omegaလေးရဲ့ ဆံပင်စောင့်ဆွဲခြင်းကို
အလူးအလဲ ခံရချေပြီ ။
မနေ့ညက Pheromone တွေနဲ့
ဖိနှိပ်ထားလို့သာ ပြန်မခုခံနိုင်တာ ။
မနေ့ညတည်းက တေးထားတဲ့
အငြှိုး တွေနဲ့ မာနခဲလေး က
ဒီနေ့တော့ အယ်လ်ဖာကြီးအား အပီ ဆော်တော့မည့်ပုံပင် ။

"ငါမင်းကို omegaဆိုပြီး ပြန်မလုပ်ဘူးမထင်နဲ့နော်..ငါ့ဆံပင်ကို
လွှတ်စမ်း.."

"ငါကတော့ မင်းကို အသေစော်မှာ..
မင်းကိုက်ထားတာတွေ ကြည့်စမ်း..
ညိုမဲစွဲနေတာပဲ ခွေးကောင်ရဲ့.."

ဟုတ်ပါရဲ့။ ဂျီမင်၏လည်ပင်းနှင့် ဗိုက်သားတို့မှာ အနီရောင်အမှတ်နှင့် ကိုက်ရာတို့က အနှံ့အပြားပင်။ Alpha ကြီးရဲ့လက်ချက်က ခြေရာလေးတွေပေါ့။
လက်တစ်ဖက်ကို လိမ်ထားပြီး
ဆံပင်ကိုပါ စောင့်စွဲထားသော
Soft omega လေးကြောင့်
ဂျောင်ကုမှာလည်း ညှက်ညှက်ကျေ..။

MAGNET Where stories live. Discover now