Jeonသည် ပတ်ဂျီမင်ရှိရာ ဆေးရုံဆီကို သွားခဲ့ခြင်းက သူအကြောင်းစုံပြောပြဖို့အတွက်...ဒါပေမယ့် ပတ်ဂျီမင်နဲ့ သူမတွေ့ဆုံ ခဲ့ရဘူး။ ထိုမတွေ့ဆုံမှု့လေးက အလုံးစုံသော အမုန်းတရားတွေနဲ့ အလုံးစုံသော ကိစ္စတွေကို ပိုပြီးကြီးထွားစေခဲ့တယ်ဆို ယုံမလား..။
ပတ်ဂျီမင်သည် သူရဲ့ရန်ဘက်ဆိုပေမယ့် အမှန်တိုင်းသိသင့်တယ်ထင်လို့ Jeonက သွားပြောမလို့ဆုံးဖြတ်ခဲ့တာ။ သို့သော်လည်း Jeonက ထပ်ပြီးအတွေးချော်ခဲ့ပြန်ပါသည်။ သူနဲ့ ပတ်ဂျီမင်ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ ရန်ဘက်တွေဖြစ်တာကြောင့် ပတ်ဂျီမင်ဟာ သူ့ကိုမုန်းနေမှာဆိုတာ သူအသိဆုံး။ Jeonဟာ သူရဲ့ ကမ္ဘာပေါ်မှာအမုန်းဆုံးလူတစ်ယောက်ဖြစ်တယ်လို့ ပတ်ဂျီမင်က ပြောခဲ့ဖူးသည်။ အကယ်၍ သူသာ ထိုညက အဖြစ်မှန်ကိုပြောပြလိုက်ခဲ့ရင် ပတ်ဂျီမင်က ပိုနာကြည်းနေမှာဟု သူအတွေးချော်ခဲ့သည်။
Jeon တွေးတောပုံက အလွန့်ကိုချင့်ချိန်နိုင်စွမ်း မဲ့နေခဲ့ပါသည်။အကယ်၍ ထိုနေ့ညက ထို၅ယောက်မဟုတ်ဘဲ သူနဲ့ဖြစ်ပျက်ခဲ့တာမှန်းသာ Park Jiminသိရင် ပိုပြီးနာကြည်းနေမလား ဆိုသည်ကိုပင်။ သူတို့ဟာ ငယ်စဉ်ကတည်းက တစ်ယောက်ကို တစ်ယောက်မုန်းတီးလာခဲ့ကြတာ။ မျက်နှာချင်းဆိုင်တာနဲ့ ခနဲ့တယ်။ ပြိုင်ဆိုင်တယ်။ လှောင်ပြောင်တယ်။ ပြီးရင်ရန်ဖြစ်ကြပါရော။ ရန်ဖြစ်ရင်လည်း သူမညှာ ကိုယ်မညှာ။ သူတို့ရန်ဖြစ်လာတဲ့ သက်တမ်းကပင် နှစ်ချီနေပြီ။ သူတို့ကြား မကျေနပ်ချက်တွေ အမုန်းတွေက မနက်နဲပေမယ့် အချိန်ရှည်ကြာစွာ တည်ရှိနေခဲ့တာ။
အိပ်ရာပေါ်က ကိစ္စတစ်ချို့ကိုလည်း စကားစစ်ထိုးပြီး အနိုင်လုဖူးသည်များလည်းရှိသည်။ မင်းလိုကောင်နဲ့ အိပ်မယ့်အစား လည်ဖြတ်ပြီးသေလိုက်မယ်တို့ မနှစ်မြို့စရာ၊ရွံဖို့ကောင်းတယ်တို့ အစရှိသော ထိုးနှက်မှု့များဖြင့် တစ်ဖက်သားကိုနာအောင် ထိုးနှက်ပြောခဲ့ကြသေးသည်။
ထိုအချက်များကို သူပြန်စဉ်းစားကြည့်မိတဲ့အခါ ပတ်ဂျီမင်က သူနဲ့အိပ်ခဲ့တာကို ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ကြောင်း မိသည်။ ထပ်ပြီး ရွံဖို့ကောင်းတယ် ဘာဘာညာညာ စကားစစ်ထိုးလာအုံးမှာဖြစ်သည်။Jeonက သူများအပြောအဆိုခံရတာကို လုံးဝမကြိုက်သည့်သူမို့ သူဘယ်လိုမှ ထိုဖြစ်ရပ်ကို သည်းခံနိုင်မှာ မဟုတ်ဘူး။ ထိုနေ့ညက သူသာ အခန်းထဲမရောက်သွားခဲ့ရင်..Park Jiminကံဆိုးတာလား ကံကောင်းတာလား..ထို၅ယောက်အစား ကိုယ်ရောက်သွားတာက ပတ်ဂျီမင်အတွက် ကံကောင်းတာလို့ ယူဆမိတယ်။ ဒါပေမယ့် ပတ်ဂျီမင်ကတော့ ကံကောင်းတယ်လို့ ယူဆချင်မှ ယူဆမှာ။ ပတ်ဂျီမင်က ထို၅ယောက်ထက်တောင် သူ့ကိုပိုပြီးမုန်းတီးနေမှာ သေချာတယ်။ ထိုအတွေးလေးတစ်ချက်က Park jiminရဲ့ အရာအားလုံးဆိုတာ သူသတိမထားမိခဲ့ပါ။ ထို့ကြောင့် သူ မပြောတော့ရန် ဆုံးဖြတ်လိုက်သည် ။