အဖြူရောင်ဟာစွန်းထင်းသွားခဲ့ပြီ
မနက်ခင်းနေရောင်ခြည်သည် မျက်နှာပေါ်သို့ကျရောက်ကာ မျက်လုံးကိုစူးသွားစေတာကြောင့် လက်ဖြင့်ကာလိုက်ကာ ခန္ဓာကိုတစ်ဖက်သို့လှည့်လိုက်သည့်အခါ ဂုတ်ပိုးမှ တဆစ်ဆစ်ကိုက်နေသည်ကို
သတိထားမိလိုက်သည်။ မနေ့ကလောက် မကိုက်တော့ပေမယ့် နာနေသေးသည့် ဂုတ်ပိုးကြောင့်
ဆက်အိပ်လို့လည်း မရတော့သည်မို့
အားယူကာ ထလိုက်သည်။
ဖုန်းကိုဆွဲယူကာ နာရီကိုကြည့်လိုက်တော့ ၁၀နာရီထိုးနေပြီ။ရေချိုး၊အဝတ်စားလဲပြီးနောက် နေထိုင်ရသက်သာလာပြီး နည်းနည်းလန်းလန်းဆန်းဆန်း
ပြန်ဖြစ်လာသည် ။ ဂုတ်ပိုးမှ Glandကလည်း သိပ်မနာတော့တာကြောင့် မနက်စာစားရန်ကြံ၍ ဖုန်းကိုဆွဲယူကာ
ဘောင်းဘီ အိပ်ကပ်ထဲထည့်ပြီး အိမ်အောက်ထပ်သို့ဆင်းလိုက်သည်။ထိုအချိန်ထိ သူဟာ Sunရဲ့ မက်ဆေ့စ်ကို
မတွေ့ခဲ့ပေ ။"Jeonငယ် နိုးလာပြီလား..
သက်သာရဲ့လား""ဟုတ်..သက်သာပါတယ်"
သခင်လေးMinဟာ Jeonအတွက်
ကော်ဖီငှဲ့ပေးပြီး မုန့်ပန်းကန်အား
ရှေ့သို့တိုးပေးသည်။"မနက်စာစားလိုက်ဦး.."
"အဖေရော.."
"မင်းအဖေက Company သွားပြီ
အစည်းအဝေး ရှိလို့တဲ့..ဒါနဲ့
မင်းရဲ့သူငယ်ချင်း Sunကမနေ့က
အိမ်ပြန်မလာလို့တဲ့ Mr.Jungက
ဖုန်းဆက်မေးသေးတယ်
Jeonငယ်ဆီမှာလားတဲ့""Sunက အိမ်ပြန်မလာဘူး ဟုတ်လား"
"ဟုတ်တယ်။ အခုတော့ဖေဖေလေးလည်းမသိဘူး
မနေ့ကဖုန်းဆက်မေးတော့
Jeonငယ်နဲ့အတူရှိမနေဘူးလို့
ဖြေလိုက်တယ်"Jeonရင်ထဲစိုးရိမ်ထိတ်ပြာသွားသည်။
Sunက သူ့ဆီမလာရင် တခြား
ဘယ်သူ့ဆီသွားစရာရှိသေးလို့လဲ..။Sun က အိမ်ပြန်မလာဘူးဆိုရင် အမြဲအိမ်ကိုဖုန်းဆက် ပြောတတ်တဲ့သူပါ။ ညဘက်တွေ အိမ်ပြန်မလာတတ်တဲ့သူလည်း မဟုတ်ဘူး။Jeonက Sunအားဖုန်းဆက်ဦးမည်
ဟူသော အကြံဖြင့် ချက်ချင်းဖုန်းကိုထုတ်ကြည့်လိုက်သည်။ မြင်လိုက်ရတဲ့ messageဟာ သူ့ကို သွေးစောင့်တက်သွားစေသည်။