အယ်လ်ဖာတစ်ယောက် အသည်းခိုက်ချေပြီ
နားထဲထိုစကားသာ အထပ်ထပ်အခါခါကြားနေရပြီး မယုံကြည်နိုင်ဖြစ်နေမိသည် ။ အစ်ကိုက တကယ်ပဲ ကျွန်တော့်ကိုထားခဲ့တာလား ။
"ဘာ....ဘာရောဂါနဲ့လဲ"
တိတ်ဆိတ်နေစဲ နှစ်ယောက်ကြောင့်
jeon ကသာ မေးလိုက်သည်။"သခင်လေးKim က ကျောက်ကပ်မကောင်းတာကြာပြီ။
ေမွးရာပါ ကျောက်ကပ်တစ်လုံးထဲပါတော့
ကျန်းမာရေးကပိုချူချာလာခဲ့တယ်
ကျောက်ကပ် အစားထိုးဖို့အလှူရှင်ရှာတွေ့ပြီးတော့မှ
မကုတော့ဘဲ ရောဂါကျွမ်းတဲ့အထိနေနေခဲ့တာ
သခင်လေးက ပထမတော့ကျောက်ကပ်ဆေးဖို့
လုပ်သေးပေမယ့် နောက်ပိုင်း အခန်းထဲအောင်းနေပြီး တစ်ခါတစ်လေ
ကိုယ့်ကိုကိုယ်ထိခိုက်အောင် သောင်းကျန်းအော်ဟစ်ပြီး ငိုနေခဲ့တာ
ကျွန်တော်တို့ ရောဂါကုဖို့တိုက်တွန်းတာတောင်
လုံးဝမကုဘဲ နေတော့ တဖြည်းဖြည်းလူကအားယုတ်လာပြီး
အခုလိုဖြစ်သွားရတာ""ရောဂါကိုမကုထားခဲ့တာလား"
"ဟုတ်ပါတယ်။ ကျောက်ကပ်ဆေးပြီး
အလှူရှင်ရတဲ့အထိ အချိန်ဆွဲလို့ရရဲ့သားနဲ့ကျောက်ကပ်မဆေးဘဲ ပေကပ်နေနေခဲ့တာ။ အလှူရှင်အမြန်ဆုံးပေါ်လာတာတောင် သခင်လေးက ရောဂါလုံးဝမကုတော့ဘဲ
ကိုယ့်ကိုကိုယ် သေပါစေဆိုပြီး
ပစ်ထားခဲ့ပုံရတယ် "မျက်နှာညှိုးနွမ်းစွာ သူကြောင့် ဂျီမင်လက်လေးတွေ တဆတ်ဆတ် တုန်ယင်လာလေသည် ။
ဘာလို့လဲ...ဘာလို့ အဲ့လိုလုပ်ရတာလဲ။ အစ်ကို ကျွန်တော့်ကို ဘာလို့ထားခဲ့ရတာလဲ ။ အစ်ကို့သားနဲ့ ဂျောင်ဟိုဆော့ကို သိပ်ချစ်ပါတယ်ဆိုပြီး ဘာလို့ရောဂါမကုဘဲ အသေခံခဲ့တာလဲ ။ကျွန်တော် သတ်သေဖို့ကြိုးစားတုန်းကတောင်အစ်ကိုမရရအောင် တားခဲ့ပြီးမှ အခုကြတော့ ဘာလို့သေပါစေဆိုပြီး
ကိုယ့်ကိုကိုယ်ပစ်ထားရတာလဲ ။ ဝမ်းနည်းစိတ်ကို မထိန်းနိုင်တော့တဲ့ အခါ မျက်နှာကိုငုံ့ကာ လက်ဖဝါးဖြင့်အုပ်ပြီး ကျုံ့ကျုံ့လေး ပုခုံးလေးတွေ လှုပ်သည်အထိ ဂျီမင် ငိုပါတော့သည်။ မျက်ရည်တွေစိုနေသည့် လက်ဖဝါးငယ်လေးအား Jeonတင်းကြပ်စွာ ဆုပ်ကိုင်ပေး၍ နှစ်သိမ့်ခြင်းပြု၏ ။