ဂျီမင်ရဲ့ မနက်ခင်းလေးက မအီမသာဖြစ်ခြင်းတို့ စတင်ခဲ့သည်။ နိုးလာချိန်
အခန်းပတ်ပတ်လည် ကြည့်မိတော့မှ
မိမိအခန်းမဟုတ်မှန်း သတိထားမိသည်။ ခေါင်းထဲမှာလည်း မူးနောက်နောက်..။ နေလို့ထိုင်လို့ကလည်း မကောင်း။ ဖျားသွားမှာတောင် စိုးရတယ်။ မနေ့ညက သောက်တာ အတော်လေးလွန်သွားခဲ့တာကြောင့် ဘာတွေဖြစ်ခဲ့လဲတောင် မနည်းပြန်စဉ်းစား ယူနေရသည်။အင်္ကျီကိုကြည့်မိတော့ ပွယောင်းနေသော ညအိပ်ဝတ်စုံဖြစ်သည်။
ညက ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင် မသိလိုက်။ အင်္ကျီတွေက အရက်နံ့စွဲလို့ သေချာပေါက် ဂျွန်ဂျောင်ဂုပဲ လဲဝတ်ပေးထားတာနေမှာပေါ့။ မနေ့ညက သူ့ဒေါသကိုစွချင်လို့ ရည်စားဟောင်းနဲ့သွားပြန်တွေ့လိုက်တာ အတော်လေး ဒေါသတော့ထွက်သွားပုံရတယ်။ ထွက်ထွက်ပေါ့။ သူ့လုပ်ပုံက ဟုတ်မှမဟုတ်တာ။မှတ်ဉာဏ်တွေ ပြန်လည်လာတော့ ညက ဂျွန်ဂျောင်ဂုရှေ့မှာ အတော်လေး ငိုမှန်း သိလိုက်ရပြန်သည်။ ကိုယ့်ရင်ထဲက ခံစားချက်တွေကိုလည်း အတော်လေးဖွင့်ထုတ် ပြောမိလိုက်သေးသည်။ အရမ်းပျော့ညံ့နေသလိုများ ဖြစ်သွားပြီလား။ သို့ပေမယ် ဂျွန်ဂျောင်ဂုကတော့ သူ့အပေါ် အတော်လေးကောင်းပေးခဲ့တယ်လို့ ဆိုရမယ်။ ကျွန်တော်ဟာ မဆွတ်ခင်က ညွတ်ချင်နေသလိုများ ဖြစ်နေသလား။
ပြန်၍ မှောက်အိပ်နေသည့် ကျွန်တော့်အနားကို ဂျွန်ဂျောင်ကုက ပြုံးစိစိဖြင့် ရောက်လာပြီး အနားရောက်တော့ ထိုင်ချလာကာ ပါးကို ရွှတ်ခနဲနမ်းသွားသည်။
"သွားစမ်း ငါ့နားက...မင်းမျက်နှာကြီး မြင်ရင် သွေးတက်တယ်"
မျက်နှာနားကပ်နေတဲ့ ဂျွန်ဂျောင်ကု မျက်နှာကြီးကို အမြင်ကပ်စွာ လက်ဖဝါးဖြင့်
တွန်းလိုက်တော့ ကျွန်တော့်ရဲ့လက်ဖဝါးကို
ဖမ်းကာ နှုတ်ခမ်းဖြင့့် ဖိကပ်၍နမ်းပြီး
ပြောလာ၏ ။"ဟား ဟုတ်ပါပြီ။ အမူးပြေ ဟင်းချိုသောက်မလား။ ချက်ပေးမယ် "
"သောက်မယ် ကောင်းကောင်းလေးနော်"
"ဟုတ်ပါပြီ။ အိပ်လိုက်အုံး "
အိပ်ယာပေါ်က ဂျီမင်ရဲ့ဆံသားလေးကို
အသာလေးဖွလိုက်ပြီး အခန်းထဲကထွက်လာခဲ့သည် ။