အပိုင်း (၃၀)

613 38 0
                                    

ဖြစ်ပုံကို ပြန်ပြောပြရမယ်ဆိုရင် အင်း...အချိန်ကောင်းကြမှ နိုးလာတဲ့
ဂျွန်မင်ဂု ဆိုတဲ့ ပေါက်စနကြောင့်ခုတင်ပေါ်က ကန်ချခံလိုက်ရတာပါပဲ ။အားပြင်းလား မပြင်းလား လူကိုလွင့်ထွက်သွားတဲ့အထိ ။ အခုထိကို ‌ဗိုက်နားက အောင့်နေသေးသည် ။

ဗိုက်နာမမှုလောက်တဲ့ ရင်အနာဆုံးကတော့
"မင်းငါ့ကို ထိရဲထိကြည့် ဖြတ်ပစ်မယ်"
ဆိုတဲ့ စကားကြောင့်ပါပဲ ။
စကားကြားကြားချင်းဆို ဟိုနားကတောင် ကြိမ်းတယ် ။
အထူးသဖြင့် မထိရတော့မှာကို ရင်အနာဆုံးပါပဲ ။

နိုးလာတာ သူ့သားလေ ၊
စိတ်ဆိုးတော့ ကိုယ့်ကို ။
ဖြစ်သင့်ရဲ့လား....။နောက်ထပ်ထိလို့မရတော့မှာ
ကြောက်လို့ စိတ်ဆိုးသွားတဲ့ အိုမီဂါလေးကို
မည်သို့ ချော့ရမလဲ စဉ်းစားရကြပ်နေပြန်သည် ။

အခုက ဘယ်‌လောက်ထိ အခြေအနေဆိုးသွားလဲဆိုရင်
မီးတဝင်းဝင်း အကြည့်တွေနဲ့
ငါ့အရိပ်တောင် မနင်းနဲ့ဆိုပြီး
စိမ်းကား ခံရတာ ။အော် ဂျွန်မင်ဂု ၊ဂျွန်မင်ဂု ၊
ကိုယ့်အဖေကို ညစာတတင်မကဘူး
နေလည်စာပါ ငတ်အောင် လုပ်တဲ့
ငမွှေကောင်လေး။

နောက်တစ်နေ့၌....

မွေးရကျိုးနပ်တဲ့ Parkပေါက်စက သူကြတော့ ဂျီမင်ပေါင်ပေါ်ထိုင်ပြီး မုန့်လေး
တမြုံမြုံစားနေလိုက်တာ။ သူ့ဒယ်ဒီကိုကြတော့ အနားကပ်လို့မရအောင်ကို
မွှေသွားတဲ့ ငမွှေကောင်လေး ။ အင်းပေါ့ ကိုယ့်သားဆိုတော့လည်း  စိတ်မဆိုးမိပါဘူး ။ကိုယ့်အဖြစ်ကိုပဲ
ကိုယ်ရင်နာမိတာ ။ငမွှေလေးက ဂျီမင် ပေါင်ပေါ်ထိုင်နေရာမှ အောက်သို့ဆင်းကာ
Sun ဆီသွားပြီး ပန်းသီးသွားတောင်းလေသည် ။ ကိုယ်ကတော့ ဂျီမင်နားကပ်ချင်လို့ Parkပေါက်စအလစ်ကို ချောင်းနေရင်း ဂျီမင်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်ရင်း ကော်ဖီထိုင်သောက်နေလိုက်သည် ။

Sunဆီပြေးသွားတဲ့ Parkပေါက်စကလုံးလုံးသေးသေးမို့ မြင်တာနဲ့ ကိုက်စားချင်စရာ။ ဝတ်ထားတဲ့ အင်္ကျီလေးကChimmy အင်္ကျီဝမ်းဆက် လေး။Laptop နဲ့ အလုပ်လုပ်နေတဲ့ Sun အနား စူးစမ်းနေသော Park ပေါက်စက laptopထဲမှ
တစ်ခုခုကို မြင်သွားလေသည် ။

MAGNET Where stories live. Discover now