ကိုယ်ဝန်ရှိခဲ့တယ်
"Park Jimin.."
"ငါ့ကိုမထိနဲ့.. မထိနဲ့.."
Jeon က သူ့အနားသို့ကပ်လိုက်သည့်အခါ သူက ချက်ချင်းနောက်ဆုတ်သွားလျက် အလန့်တကြား တားမြစ်လေသည်။
"မင်း heat cycle ဖြစ်နေတာလား "
Jimin ရဲ့ Pheromone နံ့ဟာ ပြင်းထန်လွန်းတာကြောင့်
Jeonလို Dominant Alpha တစ်ယောက်ကိုတောင် မိုက်ခနဲ
မူးနောက်သွားစေသည် ။Jimin၏ နှုတ်ခမ်းပါး တို့ဟာ ဖြူဖျော့လျက်
လက်ချောင်းထိပ်လေးတွေဟာ
သွေးမရှိတော့သလို ပြာနှမ်းနေတာကြောင့် Jungkook သည် အနားသို့ပိုးတိုးကပ်သွားလိုက်ပြီး
မျက်နှာအား သေချာမြင်ရအောင်
ကြည့်လိုက်သည် ။Park Jimin က သတိလစ်တော့မည့်စဲစဲ အခြေအနေဖြစ်နေသလို အသိစိတ်မရှိတော့သည့်အလား မျက်နှာသေဖြင့်တစ်ကိုယ်လုံး တုန်ယင်နေလျက်
လက်လေးတွေ တင်းတင်းဆုပ်ထားသည်။Pheromone ရနံ့တွေက
ပုံမှန်ထက် ပိုစူးနေပြီး ဆွဲဆောင်မှုရှိလွန်းတယ်..။သာမာန် Alpha တစ်ယောက် အနေနဲ့ ဆို စိတ်ရိုင်းဝင်သွားမှာ သေချာတယ် ။သို့သော်လည်း ကိုယ့်အတွက်တော့ ထိုရနံ့တွေက
စိတ်ရိုင်းမဝင်စေဘဲ..အလွန်ပူလောင်အောင် ဆွဲဆောင်နေသလိုမျိုး။ အနည်းဆုံးတော့ သူကdominant alpha မို့ တောင့်ခံနိုင်တာ တော်သေးတယ်ပြောရမယ်။Pheromone အခြေအနေအရ
ပတ်ဂျီမင် က heat တားဆေးတွေ
Pheromone တားဆေးတွေ အများကြီးသောက်ခဲ့ပုံရတယ်..။ (Mateတွေက အချင်းချင်း pheromone ရနံ့ကိုခံစားကြည့်ပြီး အခြေအနေကို ခန့်မှန်းနိုင်သည်)"Park jimin ငါ့ကိုကြည့်..သတိထားစမ်း"
Parkjiminရဲ့ တစ်ကိုယ်လုံးသည် အမှောင်ထဲမှာတောင် အသားအရေဖြူစုပ်နေမှန်း သိသာလှသည်။
"ဒါက mate Alpha ရဲ့ Pheromone ကိုမရလို့ ဖြစ်နေတာလား"
jungkook သည် စိတ်ကို အတတ်နိုင်ဆုံး လျှော့ချလိုက်ကာ
သက်ပြင်းတစ်ချက် ချပြီး
မိမိ၏ Pheromone ရနံ့တို့အား
လွှတ်ထုတ်လိုက်သည် ။ pheromoneတွေကို ရှူရှိူက်မိလိုက်တဲ့အချိန်မှာပဲ သူ့မျက်လုံးတွေမှေးစင်းလာပြီး ခွေခနဲ လဲကျသွားတော့သည် ။