ဒယ်ဒီ လူမိသွားပြီ
အိမ်သို့ပြန်ရောက်တဲ့အခါ Kookie လေးကို မြင်မြင်ချင်း သူ ထိန်းမနိုင်စွာ ငိုမိတော့သည်။ ဒါက သူ့သားလေးလား ၊ ကောင်းကောင်းမွန်မွန် ကြီးပြင်း
လာခဲ့တာပဲ ။ တကယ့်ကို ကောင်းမွန်စွာ ကြီးပြင်းလာလို့ တော်ပါသေးတယ်။ကျေးဇူးတင်ပါတယ်
ကောင်းကောင်းမွန်မွန်လေး ကြီးပြင်းခဲ့လို့...သူ့လိုအဖေမျိုးဆီက
မင်းမွေးဖွားလာခဲ့လို့ ကံဆိုးစွာနဲ့
ကြီးပြင်းလာရမယ်ထင်ခဲ့တာ ။
ကံကောင်းစွာနဲ့ မင်းက မင်းဒယ်ဒီဆီမှာ
ကောင်းမွန်စွာ
ကြီးပြင်းလာခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်...ကလေးရယ်။
ငါ့လို အဖေမျိုးကို မင်းအဖေ လို့တောင် မခေါ်သင့်ဘူး ။Kookieလေးကို ရင်ခွင်ထဲ နစ်နေအောင် ဖတ်ထားရင်း မရပ်တန့်နိုင်စွာ
ငိုနေမိသည်။ ကိုယ့်ရဲ့သားလေး ။ဒီယုန်သွားလေးနဲ့ ကလေးက သူ့ရဲ့သားလေး။ ဒီချစ်စရာကလေးက သူ့ရဲ့သားလေးတဲ့ ။ဒီပိစိလေးက သူ့ရဲ့သားလေးတဲ့ ချစ်ဖို့ကောင်းလိုက်တာ ။ကိုယ့်အစား ဂျောင်ဟိုဆော့က ကလေးကို မွေးအဖေနေရာကနေ အကောင်းဆုံးမေတ္တာတွေ ပေးခဲ့လို့သာ...ကလေးက မွေးဖခင်ရဲ့မေတ္တာကိုပါ မငတ်မွတ်ဘဲ အပြည့်အဝရခဲ့တာပေါ့ ။ တကယ်ဆို ဂျွန်ဂျောင်ကု နဲ့ဂျောင်ဟိုဆော့က တကယ်ကျေးဇူးစရာကောင်းတဲ့ သူတွေပါ...။ဂျွန်ဂျောင်ကုသာ သူ့ကိုမုန်းတဲ့စိတ်နဲ့ကလေးကိုသာ ခေါ်မမွေးခဲ့ရရင် ကလေးက မိမဲ့ ဖမဲ့ နဲ့ ပြည့်ပြည့်စုံစုံကြီးပြင်းခဲ့ရမှာ
မဟုတ်ဘူး ။Jeonသည်လည်း ထိုမြင်ကွင်းလေးကို
ပြုံး၍ကြည့်နေသည် ။
နောက်ဆုံးတော့ ဒီမိသားစုလေး
စုစည်းကြပြီ ။ဂျီမင်ရဲ့ ရင်ခွင်ထဲမှ သားက သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် ကြည့်နေသည် ။"ဦးဦး"
"ဟင်..သားပြောလေ"
ဂျီမင် ဖက်ထားရာမှ ခွာလိုက်ပြီး သူ့ပါးပြင်ပေါ်က မျက်ရည်ကြောင်းလေးတွေကို လက်ဖဝါးဖြင့် မြန်မြန်သုတ်ကာ Kookieလေးကို တည့်တည့်ကြည့်လိုက်၏။ kookie လေးက ဂျီမင့်ပါးပြင်ပေါ်က မျက်ရည်လေးတွေအား သူ့လက်သေးသေးလေးနဲ့ သုတ်ပေးပြီး..