မိနစ်၃၀အကြာမှာ ဟိုဆော့သည် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည် ။
ထင်တဲ့အတိုင်းပဲ ကင်မ် မရောက်လာခဲ့ဘူး။ဟိုဆော့ရဲ့မျက်နှာမှာ မိုးပြိုတော့မလိုပင်
ညှိုးငယ်သွားပြီး အင်္ကျီချွတ်နဲ့ ထိုင်နေတဲ့
ကောင်လေးနှစ်ယောက်ကို.."ငါနဲ့တကယ်အိပ်မလို့လား"
"ဘာလို့လဲ "
"တကယ်တော့ ၊ ငါ့မှာAIDSရှိတယ်"
သူထိုသို့ပြောတော့ ကောင်လေးနှစ်ယောက်ဟာ မျက်လုံးပြူးသွားပြီး.....
"ဒါဆို ပြန်လိုက်ပါအုံးမယ် ။ စောစောစီးစီးကြိုပြောပေးလို့ ကျေးဇူးပါဗျာ ။ စိတ်ဓာတ်မကျနဲ့နော်
အသက်ရှင်လို့ရပါသေးတယ်"ကောင်လေးတစ်ယောက်က ထိုသို့ပြောပြီး
အမြန်ပင် အခန်းထဲမှ လစ်တော့သည် ။
နောက်တစ်ယောက်ကလည်း မချိပြုံးလေးပြုံးကာ အခန်းထဲမှ
အမြန်ပင် ထွက်သွားတော့သည်။ဟိုဆော့သက်ပြင်းချလိုက်ပြီး
အိပ်ယာပေါ် ပစ်လှဲလိုက်တော့သည် ။
ကျွန်တော်ကပဲ မဖြစ်နိုင်တာ မျှော်လင့်မိနေတာပဲ ကင်မ်။
ခင်ဗျားက တကယ်ကိုရက်စက်တယ် ။
ခင်ဗျားကိုရအောင်ရှာမယ်လို့
ဆုံးဖြတ်ထားပေမယ့် အားမရှိတော့ဘူး။
ပင်ပန်းတယ်။အမြဲတမ်း ကျွန်တော်ကပဲချစ်ပေးပြီး၊
ကျွန်တော်ကပဲ ခင်ဗျားလိုက်ရှာနေခဲ့ရတတယ် ။
ခင်ဗျားအပေါ် ဝဋ်ကြွေးတွေရှိနေခဲ့လို့များလား ။အိပ်ယာပေါ်မှ အားယူကာ ထလိုက်ပြီး
အခန်းပြင်သို့ ထွက်လာခဲ့သည် ။
ထွက်လာပြီးချင်း တွေ့လိုက်ရတာက
Alex ကို ။ Alex ကလည်း သူ့ကိုမြင်တော့
လန့်သွားပုံရသည် ။"အစ်ကို ဘယ်လိုလုပ်ဒီကို...."
Alexစကား မဆုံးခင်မှာပဲ ဖြတ်ပြောလိုက်မိသည်။
"တွဲရအောင်"
"ဗျာ...တွဲ..တွဲမယ်!!"
"အင်း ။ တွဲရအောင် "
"အစ်ကို တကယ်ပြောနေတာလား"
"ငါ့ပုံက နောက်နေတဲ့ပုံပေါက်လို့လား"
"မဟုတ်ပါဘူး ။ ကျွန်တော် မယုံနိုင်ဖြစ်နေမိလို့"
Alexမျက်နှာတွင် အလွန်ပျော်ရွှင်နေသော အရိပ်အယောင်တို့အထင်းသား ။
ဟုတ်တယ် ငါ့ဘဝအတွက် နောက်ထပ်လူတစ်ယောကို လက်ခံသင့်ပြီ။