ခွင်ဖန်ပေးလိုက်ပေမယ့် မေ့လဲသွားကြသတဲ့!
မရင်းနှီးတဲ့ ရင်ခွင်တစ်ခုကြား
နှစ်ခြိုက်စွာ အိပ်ပျော်နေသောသူလေးသည် ဂျီမင်။ပင်ပန်းနာကျင်ခဲ့ရသည်တွေလည်း
များခဲ့တာမို့ ခိုအောင်းရာ ရင်ခွင်တစ်ခု တော့ သူလိုအပ်ခဲ့မှာ..။
သို့သော်လည်း မာနခဲလေးက
ဘယ်တော့မှ ထုတ်ပြောမှာမဟုတ် ။
ကိုယ်ကိုတိုင်လည်း မလိုအပ်ချင်အောင်
စိတ်ကို ဖိနှိပ်ထားခဲ့တာမို့
သူသိပ်ကို ပင်ပန်းနေခဲ့တာပေါ့ ။ဘယ်လောက်ဘဲ မုန်းတီးနေပါစေ
mateဆိုတဲ့ ဆက်နွယ်မှု့လေးက
ရှိနေတော့ ဂျီမင်လေးအတွက်
Alpha ဂျောင်ကုရဲ့ရင်ခွင်ကျယ်က
အပန်းဖြေစေပါတယ် ။
မာနခဲလေးက နာကျင်လွန်းလို့
မအိပ်ခဲ့ရတဲ့ ညတွေအစား အခုတော့
ဂျောင်ဂုရဲ့ Pheromone တွေကြောင့်
အတိုးချကာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေခဲ့သည်။သေးသွယ်သော ခါးပေါ်တွင် တက်တူးတို့ဖြင့် ကျယ်ပြန့်သောလက်ဖဝါးတစ်ဖက်ရှိ၏။ ထိုလက်ဖဝါးကြီးပေါ် နီရဲရဲလက်ဖဝါးလေးကထပ်လျက်ရှိ၏။
မာနခဲကြီး ဂျောင်ဂုသည်လည်း omegaလေးရဲ့ဂုတ်ပိုးနား ပါးပြင်ကပ်ကာ နောက်ကျောဘက်က
ခါးကို ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည် ။Mateဆိုတဲ့ ဆက်နွယ်မှု့က တော်ရုံလေးနက်တာမှ မဟုတ်ဘဲ..။
အလေးနက်ဆုံး အခြေအနေတစ်ခုထိကို ဆက်နွယ်
သွားကြပြီး အမှတ်အသားဆိုတဲ့ ကိုက်ရာလေးကိုလည်း လက်ထပ်ကြမယ့်စုံတွဲ ၊ တကယ့်လက်တွဲဖော် ၊ သိပ်ချစ်ကြတဲ့ချစ်သူတွေသာ ပေးလေ့
ရှိကြတာ ။ရန်ဘက်နှစ်ဦးကြား အညှိုးတွေပြည့်နေပါလျက်နဲ့ ဆုံစည်းရမယ့် ကံပဲ ပါနေခဲ့လို့လား..။အံ့သြ စရာကောင်းလောက်အောင် ဒီလို ရန်ညှိုးရန်ဘက်နှစ်ယောက်ကြား mateဆိုတဲ့ ဖြစ်တည်မှုလေးနဲ့သွားပြီး ဆက်နွယ်ခဲ့ကြသည် ။mate ဖြစ်သွားပြီးတဲ့နောက်
နှစ်ဦးသားလုံးက မခွဲမခွာ
တစ်သက်လုံး အတူရှိကြရပေမယ့်
အခုလို တဇောက်ကန်းလေးနှစ်ယောက်ကြား သွားဆက်နွယ်လေတော့..နှစ်ဖက်လုံး နာကျင်ခဲ့ရပြီပေါ့ ။
Alpha ကြီး ဂျောင်ကုရဲ့ အမှားတွေပေါ့..။