အပိုင်း (၂၃)

578 45 0
                                    

သူ့အိုမီဂါလေး Heatဝင်နေပြီ!

မှန်ရှေ့မှ ဂျောင်ကုဟာ မိမိရဲ့ပုံရိပ်ကို
ကြည့်ပြီး..အလိုမကျသည့်အလား
မျက်မှောင်ကျုံ့ထားလျက်..။

ပါးပြင် တစ်ဖက်ပေါ်က လက်ဝါးရာက..ဘာကြောင့်ရလာရတာလဲ..။ပတ်ဂျီမင်လား..။သူ့ကို ရိုက်ရဲတာ ပတ်ဂျီမင် အပြင် ဘယ်သူမှ မှမရှိတာ ။
ဆိုတော့.. ပတ်ဂျီမင် ကဘာကြောင့်
ရိုက်ရတာလဲ..။
ဘာများလုပ်လို့ လက်ဝါးရာကြီး
ထင်အောင် ပါးရိုက်လိုက်ရတာလဲ ။

ဂျောင်ကုက သူ့ရဲ့အသားကို
နာအောင်လုပ်ရင် သိပ်စိတ်ဆိုးတတ်တဲ့သူ..။
Sun နဲ့ ပတ်ဂျီမင် ကလွှဲလို့ တခြားသူဆို
ညက်ညက်ချေပြစ်လိုက်တာများသည် ။
သို့ပေမယ့် အကြောင်းအရင်းမရှိ
အသားနာအောင်လာလုပ်ရင် သူ
အူတွေအသည်းတွေပါနာတယ်..။

တွေ့ကြသေးတာပေါ့..ပတ်ဂျီမင် ရာ..။

"ပတ်ဂျီမင်! ထွက်ခဲ့"

"ဘာတုန်း.."

ရေချိုးခန်းထဲက ထွက်လာတဲ့
ပတ်ဂျီမင် က ခေါင်းကိုတဘတ်ဖြင့်
ခပ်ဖွဖွသုပ်ကာ ရေချိုးဝတ်ရုံကို
လျော့ရဲရဲ ဝတ်ထားလေသည် ။
ဟ နေတဲ့ ရင်ဘတ်ကို မသိမသာ
ကြည့်မိတော့ ခဏတာ ပျော်ဝင်သွားရ၏။ ဖွေးဖွေးဥဥအသားအရည်လေးက
ကြည်ကြည်လင်လင် ပေါ်နေတော့
ဘယ်လိုမှ မျက်နှာ မလွှဲနိုင်ခဲ့..။

"ဒီ..!ငါထပ်ရိုက်လိုက်ရ..
ပါးပေါ်ကလက်ဝါးရာမှ အားမနာ
ငမ်း ချင်နေသေးတယ်"

ဟနေတဲ့ ဝတ်ရုံစကို ချက်ချင်း
ဆွဲစိပြီး လက်ရွယ်ကာပြောလာသည့်
သူကြောင့် ခန္ဓာကိုယ်က နောက်သို့
အလိုလို ရှောင်မိသွားသည် ။

"မင်းဘာကိစ္စနဲ့ ငါ့ပါးကိုရိုက်ရတာလဲ။
ငါ့ကို မင်းရိုက်ချင်းတိုင်း ရိုက်လို့ရတဲ့လူများ ထင်နေလား.."

"မင်းကပဲပြောရတယ်ရှိသေးတယ်..
ငါက အလကားသက်သက် ငါ့လက်ဝါးအနာခံပြီးတော့ မရိုက်ဘူး..မင်းနှာဘူးထလို့ရိုက်တာ"

"ဘာ! ငါကနှာဘူးထတယ်..
ပြောစမ်းပါဦး မင်းကိုငါ ဘာလုပ်လို့လဲ"

"မင်း ညတုန်းက..ညတုန်းက.."

"ပြောပါဦး..ငါ့ပါးကိုလက်ဝါးရာကြီး
ထင်အောင် ရိုက်ရတဲ့ အကြောင်းအရင်းက.."

MAGNET Where stories live. Discover now