အချစ်ဆိုတာ ဖော်ပြတတ်ဖို့လိုသေးတယ်တဲ့
ကုမ္မဏီက ဝန်ထမ်းများသည် စီအီးအို အသစ်ရောက်လာပြီဆို၍ ပြာယာခတ်နေကြသည် ။
"စာရင်းတွေစုံရဲ့လား သေချာစစ်အုံး
ပြီးရင် စီအီးအို ကိုယ်တိုင်လာစစ်မှာတဲ့
မြန်မြန်လုပ်"စာရင်းပိုင်းဆိုင်ရာဌာနက
မန်နေဂျာရဲ့စကားကြောင့် ဝန်ထမ်းကောင်မလေး စူစမ်းလိုစိတ်ဖြင့်
မေးလိုက်သည် ။"စီအီးအို အသစ်လား ၊ သူက ဘယ်သူလဲဟင်"
"အရင် စီအီးအိုရဲ့ညီ ၊
နာမည်က ပတ်ဂျီမင်တဲ့ ၊ ပြီးေတာ့
တကယ့်အချေဇယားနော် ရုံးခန်းထဲ
စဝင်ကတည်းက မျက်နှာတည်ကြီးနဲ့
ကြောက်စရာကြီး"မန်နေဂျာအစ်မရဲ့စကားကို ဌာနထဲရှိ ဝန်ထမ်းတွေ အကုန်လုံးက စုပြုံကာ ဝိုင်း၍
နားထောင်နေကြသည် ။"အရင်စီအီးအိုတောင် သုံးဆယ်နီးပါးပဲရှိသေးတာကို အခုသူ့ညီဆိုတော့ ငယ်သေးမှာပေါ့"
ဝန်ထမ်း အသစ်လေးက မေးတော့
ကောင်မလေး တစ်ယောက်က ပြန်ဖြေ၏။"၂၇ ၊၂၈လောက်တော့ရှိမှာပေါ့
ဒါနဲ့ အရင်စီအီးအိုက ဘာဖြစ်လို့
ရာထူးလွှဲလိုက်တာလဲ"ဖြန့်ချီရေးဌာနကို CEOက အလာနည်းတာမို့
သူတို့တွေ မမြင်ဖူးကြချေ ။
နောက်ပိုင်း ဝန်ထမ်းသစ်တွေများလာတာကြောင့်
အရင်က CEOနဲ့ သူ့ရဲ့ညီအကြောင်း
မသိကြတော့ ။"အဲ့တာတော့ အစ်မလည်းမသိဘူး
CEOအတွင်းရေးမှူးကို မေးတော့လည်း
မဖြေဘူး""အမလေးးး အရင်ကCEOရော သူ့ရဲ့အတွင်းရေးမှူးရောက အချေတွေဟာကိုး..။
ဒါပေမယ့် အရမ်းချောတာနော် အရင်CEOက
လုံးဝမင်းသားလိုမျိုးချောတာ၊အတွင်းရေးမှူးကလည်း modelလုပ်လို့ရတယ်"ပစ္စည်းထုတ်လုပ်ရေးပိုင်းက ဌာနမှူးအစ်မက
ထိုစကားဝိုင်းသို့ဝင်ပြောတော့
အားလုံးက ပါးစပ်အဟောင်းသားလေးနဲ့
နားထောင်ကြသည် ။
ပစ္စည်းထုတ်လုပ်ရေးပိုင်းက Designဌာနဟာ ရေမွှေးကြာရှည်စွာအာနိသင်မပြယ်ဘဲရှိနေစေရန် အပါအဝင် အခြားသော ပစ္စည်းထုတ်ပိုးမှု့ပိုင်းမှာ ရေမွှေးအာနိသင်ကို မထိခိုက်ဖို့အတွက် ရေမွှေးပညာရှင်တို့နဲ့ တိုင်ပင်ရသည်။ ထို့ကြောင် သူတို့ဟာ ရေမွှေးဖော်စပ်ရေးဌာနဘက်သို့ မကြာခဏ ရောက်ကြသည်။ ရေမွှေးဖော်စပ်ရေးအခန်းကလည်း CEOရုံးခန်းနှင့် နီးတာကြောင့် CEOကိုမြင်ဖူးကြသူများ အနည်းငယ် ရှိသည်။