အပိုင်း (၁၄)

505 31 0
                                    

Mate Alphaကို သူတဲ့လား!

"Jimin.."

နောက်ကျောဘက်ဆီမှ အစ်ကို့၏ခေါ်သံကြောင့် သူ့ခြေလှမ်းတို့ရပ်တန့်မိလိုက်သည်။ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်တော့ အနောက်တိုင်း suitဝတ်စုံဖြင့်သပ်ရပ်ခံ့ညားနေသော အစ်ကို့ကိုမြင်လိုက်ရသည်။ အနည်းငယ်မောပန်းနေပုံကို ကြည့်ခြင်းအားဖြင့် သူပျောက်သွားလို့ ကုမ္မဏီကနေ ချက်ချင်းထလာပြီး ရှာခဲ့ပုံရသည်။

မိမိမှာ အပုန်းကောင်းသော်လည်း
အစ်ကိုဖြစ်သူဟာ သူ့ကိုအမြဲရှာတွေ့လေ့ရှိစမြဲ ။

Mask ကိုပါးပြင်ထက် ဆွဲတင်ကာ
ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး
ထိုနေရာမှ အမြန်ပြေးထွက်လာခဲ့သည်။ ကျစ်...ဘယ်လိုဖြစ်လို့ ဒီနေရာကိုသိနေရပြန်တာလဲ..။

"Jimin...jimin "

Kim က ဂျီမင်ရဲ့နောက်သို့ ပြေးလိုက်ကာ လက်ကိုဆွဲလိုက်ပြီး..

"ထွက်မပြေးနဲ့တော့..။အစ်ကိုမင်းကို
ချူပ်မထားတော့ပါဘူး။အခု အစ်ကိုနဲ့ခဏလိုက်ခဲ့ပေးနော်"

"ထပ်ပြီး ကျွန်တော့်ကိုလိမ်အုံးမလို့လား"

"မဟုတ်ပါဘူး.. အစ်ကိုကတိပေးတယ်
အစ်ကိုနဲ့ ခဏပဲလိုက်ခဲ့ပေး "

နောက်ဆုံးတော့လည်း သူ့မှာ အစ်ကိုဆွဲခေါ်ရာနောက် ပါသွားခဲ့ရပြန်ပြီ။ သူ့မှာ ယုံကြည်ရသည့်သူဆိုလို့ အဏ်ကိုတစ်ယောက်ပဲရှိတာ မဟုတ်လား။

"မသွားနိုင်ဘူး။ ဘာကိစ္စ နဲ့ ကျွန်တော် ကအောက်ကျခံပြီး သူ့အိမ် သွားနေရမှာလဲ"

ဂျွန်ဂျောင်ဂုအိမ်တွင်သွားနေဖို့ ပြောလိုက်သည့် အခါ ထင်ထားသည့်အတိုင်း ဂျီမင်က ငြင်းပါတော့သည်။

"ညီငယ် အစ်ကိုပြောတာနားထောင်ပါအုံး.."

"တော်ပါတော့...သူကျွန်တော့်အပေါ်ဘယ်လိုလုပ်ခဲ့လဲ အစ်ကိုအသိပဲ
အစ်ကို ကျွန်တော့်ကိုဘာရည်ရွယ်ချက်နဲ့များ အဲ့အိမ်ကို ပို့ချင်ရတာလဲ"

ဒီကိစ္စကို ဂျီမင်လွယ်လွယ်နဲ့လက်ခံမှာမဟုတ်ဘဲ သူသိသည်။ ထို့ကြောင့် သေချာလေးနားချဖို့အတွက်လည်း သူကြိုပြင်ထားခဲ့သည်။

MAGNET Where stories live. Discover now