"အားးးး.."
Jeon သည် ဂုတ်ပိုးမှ စူးနစ်စွာသော နာကျင်မှု့ကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက်တည်း ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည် ။ သူအသက်ရှူရကြပ်လာသကဲ့သို့ မွန်းကြပ်လာပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးဟာ ကိုက်ခဲနာကျင်လာတော့သည်။
Pheromoneနံ့တွေကိုလည်း ထိန်းမနိုင်သိမ်းမရ လွှတ်ထုတ်မိနေသည်။ ထို Pheromoneတွေဟာ သိပ်ကိုစူးရှသည်။ဒါ..အမှတ်အသား..ကြောင့်..။
"အားးး"
နာကျင်မှု့သည် မခံမရပ်နိုင်အောင်ပင်။ တစ်ကိုယ်လုံး အား လှုပ်မရတော့လောက်အောင်ကို အရိုးတွေကျိုး၊အသားတွေ ပဲ့ထွက်သွားလားတောင် ထင်ရတဲ့ နာကျင်မှုမျိုး။ ဒီလိုနာကျင်မှု့မျိုးကိုဖြစ်စေသည့် အကြောင်းအရင်းတွေက သေချာပေါက် glandကြောင့်က လွဲပြီး အခြားမဖြစ်နိုင်။
Jeon သည်ဒေါသတကြီးဖြင့် ပတ်ဂျီမင်၏နာမည်ကို အံကြိတ်ရေရွှတ်လိုက်သည်။
"Park Jimin! "
ဝုန်း...
Jeonသည် ယိုင်နဲ့နဲ့အနေအထားနဲ့သာ မတ်တပ်ရပ်လိုက်တယ်။ မူးဝေလာသည့်အပြင် မျက်လုံးတွေကပါ ဝေဝါးလာတာကြောင့် သူ၏ဒေါသရှိန် ပိုပြင်းထန်လာကာ ဘေးက စားပွဲခုံအား ခြေထောက်ဖြင့် စောင့်ကန်လိုက်ပြန်တယ်။ Jeon သည် ထပ်မံအော်ပြောလိုက်သည်။
"ဘယ်သူရှိလဲ...ဆရာဝန်သွားခေါ်စမ်းသွား!! မြန်မြန်"
ယိုင်ထိုးနေသည့် သူတို့၏အစ်ကိုလေးကို ကြည့်ပြီး
Jeon အိမ်တော်က အလုပ်သမားတို့က ပြူးပြူးပြာပြာ ဆရာဝန်ပြေးခေါ်သူကခေါ် ၊တွဲပေးသူကတွဲပေးပြီး
စိတ်ပူကာ ဘေးနားမှာ ယောက်ယက်ခတ်နေကြသည်။"Jeon ငယ်..ဘာဖြစ်တာလဲ"
"သခင်လေး အစ်ကိုလေးJeonက မူးပြီး ယိုင်ထိုးနေလို့ "
"ဆရာဝန် မြန်မြန်သွား ခေါ်ချေ....Jeon ငယ် အဆင်ပြေရဲ့လား.."
ဖေဖေလေးသည် ဆိုဖာပေါ်လှဲနေသော Jeon ငယ်အားအပြေးလာကြည့်ပြီး စိတ်ပူနေရှာသည်။
"အိမ်တော်ထဲက Omegaတွေ အကုန်အပြင်ထွက်နေကြ.."
ဖေဖေလေးရဲ့ အမိန့်အဆုံး
omegaအမျိုးသမီးငယ် လုပ်သားတို့ဟာ အသီးသီးအလျင်အမြန်ထွက်သွား
ကြသည်။ဖေဖေလေးဖြစ်သူ သခင်လေးMin ဟာ Omegaတစ်ယောက်ဖြစ်ပေမယ့်လို့၊ သူ၏ အယ်လ်ဖာ ဖြစ်သည့်Mr.Jeon ရဲ့ pheromoneတွေက အခြားalpha ရဲ့pheromoneတွေဆီမှ ကောင်းကောင်း ကာကွယ်ပေးထားတာဖြစ်လို့ Jeonငယ်ရဲ့ pheromoneက သူ့အပေါ်သက်ရောက်မှု့ သိပ်မရှိ။