မှိုင်းညို့ညို့ ကောင်းကင်ရိပ်အောက်
ငြိမ်သက်စွာ
ထိုင်နေသူ နှစ်ဦး။ မြက်ခင်းပြင်ကျယ်ကြီးရံ့အလည်၌ တစ်ဦးနှင့်တစ်ဦး
မည်သည့်စကားမျှမဆိုသေးဘဲ
တိတ်ဆိတ်နေကြ၏ ။
ဘေးနား၌ ရဲတစ်စုံတစ်ယောက်တောင် မရှိဘဲ သူတို့နှစ်ယောက်တည်းသာ ။
Jeonက ဆေးလိပ်ကိုဖွာလိုက်ပြီး
ကောင်းကင်ကိုငေးလျက်
မေးလိုက်သည် ။"ခင်ဗျားက ဒီကိုဘယ်လိုရောက်လာတာလဲ"
တစ်ဖက်လူက လက်မထိပ်နှင့်လက်ညှိုးထိပ်လေး
ထိပြီး ဝိုင်းပြရင်း ပြန်ပြောလိုက်သည် ။"ပိုက်ဆံလေ ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ်"
တစ်ဖက်လူရဲ့အပြောကြောင့် Jeonကခပ်ဟဟရယ်လိုက်သည် ။
"ဟိုဆော့က ခင်ဗျားကိုမျှော်နေတာ
ခင်ဗျားသေသွားပြီထင်ပြီး အရမ်းငိုနေခဲ့တာ ""ငါ့ကိုအခုလိုပြန်တွေတော့ မင်းမအံ့ဩဘူးလား"
"ခင်ဗျားမသေမှန်း ကျွန်တော်ရိပ်မိပြီးသား ။ ဂျီမင် သူ့အဖေဆီမှာ အဖမ်းခံရတုန်းက
ဂျီမင်ဘယ်မှာရှိနေလဲဆိုတာ ခင်ဗျားပဲ
မက်ဆေ့စ်ပို့ခဲ့တာမလား""အင်း "
ဂျီမင်ကို သူ့အဖေဖမ်းသွားတုန်းက
ဂျီမင်ကို ဘယ်သူဖမ်းသွားလဲမသိဘဲ
အသည်းအသန်လိုက်ရှာနေတဲ့အချိန်
ဂျီမင်ရှိတဲ့နေရာကို ပြောပြထားသည့် မက်ဆေ့စ်တစ်စောင်ရောက်လာခဲ့သည်။
နောက်မှ ပြန်စဉ်းစားကြည့်တော့
ကင်ထယ်ယောင်းကလွဲပြီး တခြားသူမရှိ။
ထိုအချိန်တည်းက
ကင်မ်ထယ်ယောင်းတကယ်မသေမှန်း
သိခဲ့သည် ။ ကင်မ်ထယ်ယောင်းပျောက်သွားတာ
အကြောင်းအရင်းတစ်ခုခုရှိလောက်မယ်ထင်တာကြောင့် ဟိုဆော့နဲ့
ဂျီမင်ကိုလည်း
မပြောခဲ့ပါ ။"ခင်ဗျား ဟိုဆော့နဲ့တွေ့ပြီးပြီလား"
"မတွေ့ရသေးဘူး ဒါပေမယ့်
ငါသွားမှာပါ ။ သူ့ဆီကိုငါရောက်အောင်သွားမှာ""ကျွန်တော်မရှိတဲ့နောက် သူအဆင်ပြေပါ့မလားလို့ စိုးရိမ်မိတယ် ။ ဟိုဆော့က
ကြောက်လည်းကြောက်တတ်ပြီး
စိတ်နုလို့ ""ငါသူ့ကိုအမြဲ မပြတ်စောင့်ကြည့်ထားတယ် ။ သူ့မှာငါရှိနေသ၍ အန္တရာယ် ကြီးကြီးမားမား ဖြစ်လာမှာမဟုတ်ဘူး"