အပိုင်း (၂၂)

549 36 0
                                    

အမူးသမားalphaက အလည်လေး

အိပ်ပျော်နေသူလေးရဲ့
နှာခေါင်းချွန်ချွန် လေးကို လက်ညိုးလေးနဲ့ အသာအယာထိတွေ့နေသည့်
အမျိုးသားတစ်ဦး။

အလုံးစုံဆိုးသွမ်းနေသည့်သူ
မဟုတ်ပါသော်ငြား..Kim ဟာ Sun အပေါ်အမှားများစွာကို
အတိုင်းမဆ မရှိ ကျူးလွန်ခဲ့လေသည် ။
အထူးသဖြင့် Sun ခွင့်မလွှတ်နိုင်လောက်တဲ့ အမှားမျိုးတွေကိုပေါ့..။

သိပ်ကိုအတ္တကြီးလွန်းသော Kim..
သိပ်ကို ရူးမိုက်လွန်းတဲ့ Kim
သိပ်ကိုတစ်ကိုယ်ကောင်း ဆန်လွန်းခဲ့တဲ့ Kim..

အခုတော့ သူဟာ ပူလောင်လွန်းတဲ့
သောကနွံထဲ ရုန်းထွက်မရအောင်
နစ်မွန်းနေပြီ..

ဒီကောင်လေးကို သူ့ကို သဘောကျနေတာကို သိခဲ့တာပေါ့..
အမြဲတမ်း Kim hyung ဆိုပြီး
အနားကနေ အမြဲဂရုစိုက်ပေးခဲ့တဲ့
အချိန်တွေ..။

ညီငယ်ရဲ့ ရန်ဘက်၊ ဂျွန်ဂျောင်ကု နဲ့သူငယ်ချင်းတွေ ဆိုပေမယ့်လည်း
သူဒီကောင်လေးကို မမုန်းခဲ့ပါ..
တစ်စတစ် ဒီကောင်လေးနဲ့
ပိုနီးကပ်လာလေ သူ့ရဲ့ ခံစားချက်တွေ
မူမမှန်ဖြစ်လာခဲ့တယ်..။

မိန်းကလေး
တစ်ယောက်မဟုတ်သည့်အပြင်
သူဟာ Betaတစ်ယောက်ဖြစ်နေတာကြောင့်
စိတ်ထဲအလိုမကျဖြစ်ခဲ့ရပြီး..
ခံစားချက်တွေကို ထိန်းချုပ်ထားခဲ့မိတယ်..။

ဒီကောင်လေးအပေါ် စိတ်ယိုင်နေတဲ့
မိမိကိုယ်ကို လည်း လက်မခံနိုင်ဖြစ်ခဲ့တယ်..။
ဘီတာ တစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုရင်
သွေးသားလည်းရှိလာမှာ မဟုတ်ဘဲ
မိမိအမွေဆက်ခံမည့် သွေးသားအရင်းအချာလေးကို
လိုချင်မိတဲ့စိတ်ကြောင့် ကိုယ့်ကို
တားဆီးခဲ့တယ် ။

ဒါတွေက ကိုယ့်ရဲ့အတ္တတွေလိုတာထက်ပိုကြီးမားခဲ့တာကြောင့်ပေါ့..။

Kim ဟာ Sunကို သဘောကျတဲ့
စိတ်ကိုထိန်းချုပ်ရင်း
ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားခဲ့သည်။
Kim ရဲ့ ဘဝတစ်လျှောက်လုံးအတည်တွဲခဲ့တဲ့ ရည်းစာရယ်လို့မရှိခဲ့..။
သို့သော်လည်း သူ့ရဲ့ဘက်က သဘောကျလာသည့် သူရှိလာခဲ့ရင်
ဘဝတစ်သက်တာ သေချာပေါက်
လက်တွဲသွားမယ်ဟု ဆုံးဖြတ်ထားခဲ့သည်။ ထိုသူက Sun ဖြစ်လာချိန်မှာတော့ Kim ဟာ ကိုယ့်ကိုကိုယ် လက်မခံနိုင်ခဲ့..။

MAGNET Where stories live. Discover now