Taeseokလေးရဲ့အဖေက Kimတဲ့
စိတ်တွေခြောက်ခြား ဝေဝါးစွာဖြင့် သူအိမ်သို့ပြန်ရောက်လာခဲ့သည်။ သူအတွေးတွေကလည်း တောင်စဉ်ရေမရဖြစ်နေသည်။ ကင်မ်ရဲ့ရှေ့ သူအလုံးစုံတောင်ခံထားခဲ့သော်လည်း နောက်ကွယ်မှာ ပြိုလဲတော့မတတ်။ ကြောက်စိတ်တွေ၊စိုးရိမ်စိတ်တွေဟာ အကြီးမားဆုံးထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို လေးလံနေခဲ့သည်။
အခန်းထဲဝင်လာသည့် Sunက
သူ့ရဲ့အိတ်တွေ အကုန်လုံး ပစ်ချကာ
ပြေးဖက်လာတာကြောင့် ဂျောင်ဂုသည် အလိုက်သင့်လေး ပြန်ပွေ့ဖက်ပေးတော့ သူရဲ့ပုခုံးလေးတွေ လှုပ်သည်အထိ တဖြည်းဖြည်း ရှိုက်ငိုလာသည် ။ဘာတွေဖြစ်ခဲ့ပြန်ပြီလဲကွာ..။ ဒီလိုတုန်လှုပ်ခြောက်ခြားနေပုံက Sunဆီမှာ မြင်ရတာ သိပ်ရှားလွန်းသည်။ ကြီးကြီးမားမားတစ်ခုဖြစ်လာမှန်းရိပ်မိသော်လည်း အတင်းမမေးမိ။ စိတ်ထိခိုက်နေသည့်Sunကို ပွေ့ဖက်ပေးရင် သူ့အတတ်နိုင်ဆုံး နှစ်သိမ့်ပေးမိသည်။
Sunရဲ့ ခေါင်းလေးအား
ခပ်ဖွဖွ ပုတ်ပေးတော့ sunက
ကျွန်တော့်ရဲ့ အကျီစကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း
အားရပါးရ ငိုနေတော့သည် ။"မင်းသက်သာတဲ့အချိန်ထိ ငါပုခုံးပေါ်မှာ ကြိုက်သလောက်ငိုပါsun"
Sun က အချိန်အတော်အတန်ကြာတဲ့
အထိ ငိုယိုနေပြီးနောက် တစ်ဖြည်းဖြည်း
ရှိုက်သံလေးတွေ တိုးလာပြီး.."ဂျောင်ကု ငါ့နားမှာမင်းအမြဲရှိရမယ်နော်..။ငါ့မှာ မင်းပဲရှိတော့တာ
ငါ့သားလေးအတွက် မင်းကပဲ seokie လေးရဲ့အဖေဖြစ်ပေးရမယ်နော် ကြားလား..""ငါမင်းကိုမထားသွားပါဘူး။ အခုဘာဖြစ်လာတာလဲ ငါ့ကိုပြောပါဦး.."
"Kim Taehyung ကမေးလာပြီ။
seokieလေးက သူ့သားလားတဲ့။
ငါဘယ်လိုဖြေရမှာလဲ ဂျောင်ဂု။
ငါ့သားလေးရဲ့အဖေကို ငါကိုယ်တိုင်တောင် ရေရေရာရာ
မသိခဲ့ဘူးလေ။ ငါသူ့ကိုမုန်းတယ်
ဂျောင်ဂု..။ ငါသူ့ကို မုန်းတယ်
သူ့ကြောင့် seokieလေးအဖေက
ဘယ်သူမှန်းမသိဖြစ်ခဲ့ရတာ။
ငါကြောက်တယ်။သူကသူ့သားဆိုပြီး seokieလေးကို ငါ့ဘဝထဲ အတင်းဆွဲထုတ်သွားရင် ဘယ်လိုလုပ်မလဲ"