အပိုင်း (၁၅)

540 35 1
                                    

Glandကိုထပ်မံကိုက်ဖောက်လိုက်တဲ့ Alpha

ဘဝရဲ့ပင်ပန်းခက်ခဲမှုတွေကို
အလုံးစုံ ဖြတ်ကျော်လာခဲ့ရင်းဘယ်တော့များ အေးချမ်းတဲ့အချိန်ကို ရောက်မလဲဆိုသည့် မျှော်လင့်ချက်လေးနဲ့ ဆက်ရှင်သန်နေကြရစဲ။

အေးချမ်းလာမယ့် တစ်နေ့ကိုလည်း
ဆက်ပြီးရင်း ဆက်ပြီး စောင့်မျှော်နေမိပြန်တယ်..။ အသက်အရွယ်
ကြီးမြင့်လာတာနဲ့အမျှ အပူအပင်တွေက တဖြည်းဖြည်းတိုးလာခဲ့ပေမယ့်
လွန်ခဲ့တဲ့ ၄နှစ်အချိန်ကလောက်တော့
ဖိအားမများခဲ့..။

အကြိမ်ကြိမ် ငိုခဲ့ရတဲ့ညတွေ ၊
သတ်သေချင်ခဲ့တဲ့ အချိန်တွေ ၊
အသက်ဆက်ရှင်သန်ဖို့ကို
လက်လျှော့ဖို့ ကြိုးစားခဲ့တဲ့အချိန်တွေ၊
အပြင်ဒဏ်ရာထက် နှလုံးသားက
ဒဏ်ရာတစ်ခုကြောင့်
ရင်ကွဲခံစားခဲ့ရတဲ့အချိန်တွေက
လောကရဲ့ အပြင်းထန်ဆုံးရိုက်ခတ်မှု တွေဖြစ်ခဲ့သည် ။

အားငယ် မှုတွေ ၊ သိမ်ငယ်မှုတွေ ၊
ဝမ်းနည်းမှုတွေ ကြုံလာတိုင်း
ဘေးနားမှာ အမြဲအားဖြည့်အဖော်ပြုပေးတဲ့သူကဂျောင်ဂု တစ်ယောက်တည်းသာ ။ ကိုယ့်ဗိုက်ထဲက ကလေးဟာ သူ့ရဲ့သွေးသားအရင်း
မဟုတ်ပေမယ့်လည်း သူသိပ်ကို
ချစ်ပေးခဲ့တာ ။

ဂျောင်ဂုက Sunလေး
Heatဝင်တဲ့အချိန်မှာတောင် အမြဲ
ရှောင်ပေးခဲ့တယ် ။ လွန်ခဲ့တဲ့၄နှစ်တာ ကာလပတ်လုံး Sun ကို လက်ဖျားနဲ့ထိဖို့တောင် မကြံရွယ်ခဲ့သည့်သူ ။

ဂျောင်ဂုရဲ့ mate omega ဖြစ်သူ ဂျီမင် ကိုလည်း Sunက အမြဲအားနာနေခဲ့သည်။အမှန်တကယ်ဆို ဂျောင်ဂုက
ဒီထက်ကောင်းမွန်တဲ့ဘဝကို
ပိုင်ဆိုင်နေရမှာဟု သူတွေးမိသည်။
ပတ်ဂျီမင် နဲ့ ဂျောင်ဂုနဲ့ လိုက်ဖက်တဲ့စုံတွဲတွေလို့စိတ်ထဲအလိုလို ထင်မြင်မိရင်း ဂျီမင်အိမ်သို့ရောက်လာလျှင်လည်း သေချာပေါက်အောင်သွယ်ပေးရန် ကြံရွယ်ထားလေသည်။

ကိုယ့်ကြောင့် ဂျောင်ကုဒုက္ခခံလာရတာတွေလည်းများပြီ ။ဒါ့ကြောင့် အလွန် အားနာမိတယ်။ ဂျောင်ကုကို ကိုယ်ပိုင်မိသားစုလေး
တည်ထောင်စေချင်တာ ။သူ့ရဲ့ mate omega နဲ့ သူရဲ့ သွေးသားအရင်းအချာလေးတွေနဲ့ ကိုယ်ပိုင်မိသားစုလေးက ဂျောင်ကုအတွက် ပိုပြီးသင့်တော်တာကြောင့် ပတ်ဂျီမင် နဲ့နီးစပ်ဖို့ရာ အဖက်ဖက်က တွန်းအားပေးနေခဲ့တာ။

MAGNET Where stories live. Discover now