အပိုင်း (၉)

485 33 0
                                    

ပြန်လည်ဆုံတွေ့ပြီ

မနက်နိုးနိုးချင်း ရေချိုးခန်းထဲ ပြေးဝင်သွားသော Sun က အတော်ကြာတဲ့အထိ ပြန်မထွက်လာတာသေးပေ။ ထို့ကြောင့် စိတ်ပူ၍ လှမ်းအော်မေးလိုက်တော့..

"Sun မင်းဘာဖြစ်လို့လဲ
ရေချိုးခန်းထဲ
ဝင်သွားတာ ၁နာရီလောက်ကြာနေပြီနော်"

"ငါရေချိုးနေတယ် ဂျွန်ဂျောင်ဂုရေ..
မင်းဘယ်လိုဖြစ်နေတာလဲ "

"ငါကစိတ်ပူလို့မေးတာပါကွာ..
မြန်မြန်ချိုး ဖျားမယ်.."

"အင်းပါကွာ.."

Sunက ကျန်းမာရေး ချူချာတယ်။
ဖျားလွယ် နာလွယ်.. ။
ကိုယ့်ကိုကိုယ်လည်း ဂရုမစိုက်
လုပ်ချင်ရာကိုဇွတ်လုပ်
တတ်သေးတယ်။ Sunက အနေအေးပေမယ့် ပြန်မပြောနားမထောင်မို့ ပြောရဆိုရသိပ်ခက်တယ် ။

"သားငယ်...လျှောက်မသွားနဲ့နော်"

အိပ်ယာပေါ်က ဒိုင်နိုဆောရုပ်လေးကိုကိုင်ကာ ဆော့နေသော သားငယ်ကို
လှမ်းပြောလိုက်ပြီး အလုပ်လုပ်ရန်
Computerရှေ့၌ဝင်ထိုင်လိုက်သည်။

seokieလေးက Sunနဲ့တထေရာတည်းတူလိုက်တာမှ ဘယ်တော့မှ ပြောစကားဆိုနားမထောင်။
အခုလည်း ကိုယ့်မှာ အနောက်က
ကုတင်ပေါ်က seokieလေးကို
လျှောက်သွားမှာစိုးလို့ လှည့်ကြည့်လှည့်ကြည့်နှင့် အလုပ်လုပ်ရတာက မဖြောင့် ။

ကလေးသဘာဝအတိုင်း နေရာသစ်ရောက်လာတော့ ဟိုစူးစမ်း ဒီစူးစမ်းနဲ့ စပ်စပ်စုစု လျှောက်သွားတတ်တာမို့
သတိထားနေရသည် ။
ကိုယ်တွေနေသည်က အိမ်အပေါ်ထပ်ဖြစ်တာကြောင့်
လှေကားတွေလည်းရှိတာကြောင့်
ကလေးချော်ကျသွားမှာကို
အထူးသတိပြုရသည် ။

"Kookieရေ သားညီကို ကြည့်ဦးနော်"

"ဟုတ်..."

ကလေးတွေက အသက်ကမတိမ်းမယိမ်းပါဘဲ ။ Kookieလေးက အကြီးဆိုပေမယ့် အရမ်းအနေအေး တယ်..။ အငယ်လေးကတော့ အဆော့မက်တယ်။Kookieလေးက ကိုယ်နဲ့ ရုပ်လေးကအစတူပြီး seokieက sunရဲ့အကျင့်လေးသာ တူတယ် ။

" Jungkook ငါကလေးတွေကို
ကုန်တိုက်လိုက်ပို့ ချင်လို့..မင်းလိုက်မှာလား"

MAGNET Where stories live. Discover now