" ဒုန်း! "ဒုန်းကနဲ့မြည်သံနဲ့အတူ မိုးစက် ကားဘရိတ်ကို အလောတကြီးနင်းလိုက်၏။ ကားပါကင်ထိုးဖို့ ကြိုးစားရင်း ရပ်ထားတဲ့ကားကို ဝင်ပြီးတိုက်မိသွားသည်တဲ့။ မိုးစက် ကိုယ့်ကိုကိုယ်သာအပြစ်တင်လိုက်၏။ မနေ့တစ်နေ့ကမှ ကားမောင်းလိုင်စင်ရထားတာမို့ ကားပါကင်ထိုးရာမှာ မကျွမ်းကျင်သေးပေ။ ဒါကြောင့်လဲ မရဲတရဲနဲ့ ကားပါကင်ထိုးနေတုန်း ဘေးနားမှရပ်ထားတဲ့ကားကို ကားနောက်ဖင်နဲ့ ဝင်တိုက်မိသွားခြင်းဖြစ်သည်။
" ဟာ သွားပါပြီကွာ "
မိုးစက် ချက်ချင်းကားပေါ်ကဆင်းလိုက်ပြီး အလုပ်မှဌားယူလာပြီး ကိုယ်တိုင်မောင်းလာသည့် ကားကိုအရင်ကြည့်လိုက်၏။ ကားနောက်ဖင်မှာ အနည်းငယ်ချိုင့်ဝင်သွားသည်။ မိုးစက် သက်ပြင်းမချဘဲမနေနိုင်။ နှစ်ပဲတစ်ပြားသာရတဲ့ သူလစာလေးကတော့ ဒီလ မကျန်မှာစိုးရိမ်နေမိသည်။
တစ်ဆက်တည်းမှာပဲ မိုးစက် သူ့ကိုယ်သူ သတ်သေချင်မိသွားသည်။ ဘာလို့လဲဆိုတော့ သူဝင်တိုက်မိလိုက်တဲ့ ကားက Limited Edition ဖြစ်တဲ့ NL ရဲ့ ဒီနှစ်အတွက် ထုတ်ထားတဲ့ Brand တံဆိပ်ဖြစ်တာကြောင့် ဖြစ်သည်။ ကံကောင်းသည်က ထိုကားမှာ အနည်းငယ် ပွန်းသွားယုံသာဖြစ်သည်။
ထွက်ပြေးဖို့ကြိုးစားချင်ပေမယ့်လည်း နေရာတကာမှာတပ်ထားတဲ့ CCTV တွေကြောင့် မိုးစက် စိတ်တောင်မကူးရဲခဲ့။ ဒါကြောင့် ထိုကားပိုင်ရှင်ဆီ ဖုန်းဆက်ပြီး အကျိုးကြောင်းပြောချင်ပေမယ့် ထိုကားမှာ အရေးပေါ်ဖုန်းနံပါတ်လဲ မရှိတာကြောင့် မိုးစက်ခေါင်းကိုက်နေရ၏။
သူ၏ Client နှင့်ချိန်းထားသည်မှာလဲ အချိန်က တဖြည်းဖြည်းနီးနေပြီဖြစ်သည်။" နေ့ခင်း ၁၁ နာရီခွဲမှာ UT က ရင်းနှီးမြုပ်နှံသူတွေနဲ့ နေ့လည်စာအတူစားပြီး ၁ နာရီမှာ....... "
ဘေးနားမှ အတွင်းရေးမှူးမှာ သူ၏ဒီနေ့အချိန်စာရင်းများကို ရေရွတ်နေသည်ကို ကားပါကင်သို့ လာရင်း မင်းဒဿမောင် နားထောင်နေပြီး တစ်ဆက်တည်းမှာပဲ လက်တစ်ဖက်ကလည်း ဖုန်းကို အသုံးပြုနေသည်။
" ညနေ ညစာစားပွဲအတွက် ပါတနာက ဘယ်သူကို စီစဥ်ထားလဲ "
မင်းဒဿမောင် မေးလိုက်တော့ အတွင်းရေးမှူးမှာ တုံ့ဆိုင်းခြင်းမရှိ ဖြေလာ၏။
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...