တစ်ဖက်ဖုန်းထဲကနေ မိုးစက် နမည်ကိုညီးကာ မြူဆွယ်နေသူကြောင့် မိုးစက်ကိုယ်တိုင်လဲ ဆန္ဒထကြွလာခဲ့သည်။
" မိုး ဟာ့ "
မောင်ရဲ့ မောဟိုက်သံနဲ့အတူ ထွက်လာတဲ့ စကားလေသံတွေက သူ့ကို ရှက်သွေးဖြာသွားစေသည်။
မိုးစက်လဲ မောင်နဲ့အတူ ပြေလျော့ခဲ့ပြီးမှ ကိုယ့်လုပ်ရပ်ကို ရှက်နေမိသည်။" နောက်တစ်ပတ်အတွင်း မောင်ပြန်ခဲ့မယ် မောင်ကိုစောင့်နေနော် "
မိုးစက် ခေါင်းငြိမ့်ပြလိုက်သည်။
တကယ်တော့ မိုးစက်ကိုယ်တိုင်လဲ ထို့နေ့လေးကို အတူရှိနေပေးဖို့ မျှော်လင့်နေမိတာ မိုးစက်ကိုယ်တိုင်သာ အသိ။
အသက် ၃၅ နှစ်အရွယ် လူလတ်ပိုင်းတစ်ယောက်က ဆယ်ကျော်သက်လေးလို အချစ်မှာပျော်ဝင်နေသည်။
" စောစော နားတော့လေ မောင် "
" မောင်လဲ ဟိုတယ်ပြန်တော့မှာ "
" ဒေါက် ဒေါက် ဒေါက် "
" မောင် ခဏနော်"
မင်းဒဿမောင် ဖုန်းချပြီး အခန်းထဲပြန်ဖို့ မက်မွန်သီးလေးကို နှုတ်ဆက်နေတုန်း မက်မွန်သီးလေးရဲ့ အခန်းတံခါးကနေ တံခါးခေါက်သံကို ကြားလိုက်ရသည်။
ဒီအချိန်ကြီး ဘယ်သူက တံခါးလာခေါက်တာလဲ
" အကို ညီမအခန်းထဲ ကြွက်ရှိနေလို့ ကူညီပါအုံး "
ချောစု ရေချိုးဝတ်ရုံသာဝတ်ထားပြီး နီမြန်းနေတဲ့ ပါးနှစ်ဖက်နဲ့ Sexy ကျနေတဲ့ မိုးစက်ကြောင့် သူမလည်း အနည်းငယ်ရှက်ရွံသွားသည်။
ချောစုကလဲ အိမ်ကြီးမှာ အရေးပါတဲ့အလုပ်သမားတစ်ယောက်မို့ အလုပ်သမားအဆောင်မနေဘဲ အိမ်က သခင်ကြီးနဲ့ မဒမ်ဟန်တို့ လိုအပ်ချိန်တိုင်း ခိုင်းလို့ရအောင် အိမ်ကြီး၏အောက်ထပ်အခန်းမှာ နေရသည်။
"ခဏ အချိန်က ...."
အချိန်က ၁၁ ခွဲနေပြီမို့ မိန်းမပျိုလေးတစ်ယောက်အခန်းထဲကို မသွားသင့်တာ အမှန်။ သို့သော်လည်း ချောစုမှာ မိုးစက်ရဲ့ လက်ကိုဆွဲကာ အောက်ထပ်သို့ ခေါ်လာတော့သည်။
BINABASA MO ANG
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...