၁၄(unicode)

2.5K 141 4
                                    

"ဦးဦးဖေဖေ ရှက်နေတယ် ဦးဦးဖေဖေ ရှက်နေတယ် "

တည်စက်သာတစ်ယောက် မိုးစက်ကို လက်တွဲထားရင်းနဲ့ အခန်းထဲမရောက်ခင်အထိစနောက်နေသည်။အပြန်မှာ သူတို့သုံးယောက် မုန့်ဝင်စားနေသေးတာမို့ ပြန်ရောက်ချိန်က နည်းနည်းနောက်ကျသွားသည်။

"တော်တော့ အိမ်ကြီးထဲရောက်နေပြီ လျှောက်မဆော့ရဘူး အကျယ်ကြီးမအော်ရဘူး .."

" လျှောက်မပြေးရဘူး ငြိမ်ငြိမ်လေးနေရမယ် ဒါ ဒါ ဒါတွေပဲ ပြောနေတာ သားသိပါတယ် သားအလွတ်တောင် ရနေပြီ "

မိုးစက် သူ့စကားကိုဖြတ်ကာ ဆက်ပြောနေတဲ့ တည်စက်သာကို ကြည့်ပြီး ပြုံးယုံသာပြုံးနိုင်တော့သည်။ ဒီကလေးနှယ် အတတ်လွန်နေတယ်

အခုဆို  နှင်းလေးရော တည်စက်သာရော အလုပ်သမားအဆောင်မှာမနေရတော့ဘဲ အိမ်ကြီးဆီမှာ လာနေကြရသည်။ အကြောင်းရင်းက မင်းဒဿမောင်က သူ့အတွက်စီစဥ်ပေးထားတဲ့ အခန်းမှာမနေတာမို့ နှစ်ယောက်လုံးကိုပါ အိမ်ကြီးဆီအထိ ပြောင်းလာခိုင်းခဲ့တယ်။ နှင်းလေးကတော့ ဟန် အနားမှာပဲ အမြဲသောင်တင်နေပြီး သူ့အကြိုက်လိုက်ဆော့ကစားပေးတဲ့ ဟန်ကိုတောင် သူ့ကို ပိုတွယ်တာသွားမလား စိုးရိမ်နေရတယ် ။ တည်စက်သာအတွက် အခန်းတစ်ခန်းလည်းရခဲ့တယ်။

"ဘာရှက်နေတာလဲ "

အခန်းထဲ မဝင်ခင် နှင်းလေးနဲ့တွေ့တော့ နှင်းလေးက မေးလာတယ်။

" ဟီးဟီး ပြောပြဘူး "

နှုတ်ခမ်းစူသွားပြီး အလိုမကျဟန်ပုံစံလေးက နှင်းလေးမျက်နှာမှာ ပေါ်လာတော့သည်။သူ့ဘက်ကိုလှည့်ပြီး

"ကိုကို ! ကိုကိုဘာတွေရှက်နေတာလဲ နှင်းလေးကိုပြော "

"ဘာမှမဟုတ်ပါဘူးနှင်းလေးရဲ့ သာသာက စနေတာ"

မယုံသင်္ကာ မျက်လုံးလေးတွေ စုံထောက်မလေးတစ်ယောက်နှယ်။

"ဟွန် မပြောပြလဲနေပေါ့ ဟန်နဲ့ Shopping ထွက်မို့ မုန့်ဝယ်ခဲ့တော့ဘူး "

မိုးစက်မှာ နှင်းလေးအပေါ် ကောင်းတဲ့ အလုပ်ရှင်ကြောင့် ဝမ်းသာမိပေမယ့် တစ်ဖက်မှာ ဝန်လဲလေးမိတယ်။ အရင်ကဆို သူရော အဘိုးရောက နှင်းလေးအတွက် အကောင်းဆုံးဆိုတာပဲ ဖြည့်စည်းပေးခဲ့ပေမယ့် ဟန်က တန်ဖိုးကြီး ပစ္စည်းတွေ လည်ဆွဲတွေ နားကပ်တွေ ဆင်ပေးတဲ့အခါ သူ အားငယ်မိတာတော့ အမှန်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now