အချိန်တွေ တဖြည်းဖြည်းရွေ့လျားရင် နွေမိုးဆောင်း ကူးပြောင်းသွားခဲ့ပြီ.... အေးချမ်းတိတ်ဆိတ်တဲ့ ဒီမြို့ငယ်လေးမှာ မိုးစက်တို့ အခြေချနေထိုင်ခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။
"တင်း တောင် "
တံခါးဘဲလ်အသံမြည်တာနဲ့ နှင်းလေးမှာ အရုပ်ဆက်တိုင်း ကစားနေရာကနေ ချက်ချင်း ကောက်ထကာ တံခါးဖွင့်ရန် ပြေးသွားသည်။
မိုးစက် မီးဖိုချောင်ထဲကနေ မနက်စာထမင်းဝိုင်းကို ရှင်းလင်းနေသည်မို့ မအားပေ။
" နှင်းလေးရေ တံခါးသွားဖွင့် ..."
ပြောသံပင် မဆုံးသေး တံခါးဖွင့်ပြီး အထဲကို လူတစ်ယောက်ဝင်လာသည်။ ထိုလူက သူရဲ့ သားရေ Shoe ကို ချွတ်လိုက်ပြီး ဖိနပ်စင်ပေါ်မှာ ညီညာစွာတင်လိုက်သည်။ အမွှေးပွပန်းရောင် အိမ်စီးဖိနပ်လေးကို စီးလိုက်ချိန် တောင့်တင်းပြီး Suit ဝတ်စုံပြည့်နဲ့ လုံးဝ မလိုက်ဖက်ပေ။
ထိုလူက သူ့လက်ထဲက ပန်းရောင်ရေခဲမုန့်ဘူးကို ဆံပင်နှစ်ဖက်ကို ညီညာစွာခွဲစည်းထားတဲ့ နှင်းလေးကို ပေးလိုက်ပြီး
" အများကြီးမစားနဲ့ ဗိုက်အောင့်မယ် "
" ဟုတ်ကဲ့ပါရှင့် "
နှင်းလေးမှာ နာခံမှုအပြည့်ရှိတဲ့ ကလေးတစ်ယောက်နှယ် ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြီး ထွက်သွားလေသည်။
ထိုလူက အိမ်၏အပြင်အဆင်ကို ရင်းနှီးနေသည့်နှယ် မီးဖိုချောင်ထဲက မိုးစက်သာဆီ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလာခဲ့သည်။
" မိုး မောင်ရောက်ပြီ "
မိုးစက်သာလဲ ဘေးနားမှာရပ်နေတဲ့လူကို တစ်ချက်ကြည့်ပြီး ဂရုမစိုက်ဟန်နဲ့ လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်နေလိုက်သည်။
" ခင်ဗျား ဒီလိုနေ့တိုင်းလာနေလို့အဆင်မပြေဘူးလေ "
" မောင်တို့ သွားမယ့်နေရာက အတူတူပဲလေ "
မိုးစက် ဒီိမြို့ငယ်လေးမှာ အခြေကျနေထိုင်မယ်လို့ ဆုံးဖြတ်ခဲ့တာမို့ ဒီမြို့လေးထဲမှာပဲ အလုပ်ကိုင်ရှာခဲ့တယ်။ ဒီမြို့ငယ်လေး လူဦးရေသိပ်မထူထပ်ဘဲ လုပ်ငန်းကိုင်ငန်းတွေကလည်း သိပ်မပေါပေ။ ဒါကြောင့် ဒီမြို့က လူတော်တော်များက ပြောင်းရွေ့ကြတာများသည်။
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...