၁၀ (Unicode )

2.9K 142 9
                                    

အိမ်တော်ကြီးထဲတွင် မိုးစက်သာ၏ အလုပ်မှာရေရေရာရာမရှိ။ ဒါကြောင့် မင်းဒဿမောင် အလုပ်သွားပြီးတာနဲ့ တည်စက်သာကို နိုးရန် မိုးစက် အဆောင်ခန်းဘက်သို့ ထွက်လာခဲ့သည်။ အလုပ်သမားအဆောင်ခန်းဘက်ရှိ သူတို့ရဲ့ အခန်းထဲ ဝင်လိုက်တာနဲ့ ကျောင်းယူနီဖောင်းအသစ်လေးလဲထားပြီး ထိုင်စောင့်နေတဲ့ တည်စက်သာလေးကို တွေ့လိုက်ရသည်။ ကလေးလေးမှာ ကုတင်ပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေပြီး ဒူးနှစ်ဖက်ပေါ် လက်သီးဆုပ်လေးတင်ထားကာ စိတ်လှုပ်ရှားနေတော့၏။

" ဘယ်လိုလဲ ကျောင်းအသစ်တက်ရမှာမို့ စိတ်လှုပ်ရှားနေတာလား "

သာသာရဲ့ မညီမညာဖြစ်နေတဲ့ အင်္ကျီကြယ်သီးကို ပြန်ဖြုတ်ပြီး ပြန်တပ်ကာ မိုးစက် မေးလိုက်သည်။

" အရမ်း အရမ်းပျော်တယ် ကျောင်းဝတ်စုံကလဲ မိုက်တယ် သူငယ်ချင်းအသစ်တွေလဲ ရတော့မှာ "

ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြလာပြီး တည်စက်သာလေးက ပြောလာသည်။

" နှင်းလေးရော "

" နှင်းလေးက ပန်းသွားခူးတယ်လေ "

" ပန်း "

မိုးစက် သက်ပြင်းသာချလိုက်သည်။ နှင်းလေးက ဒီအိမ်ကိုရောက်မှ အရမ်းကိုလှုပ်ရှားနေသလိုပဲ။

" ဦးဦးဖေဖေ နှင်းလေးကို ခေါ်ပြီး ကျောင်းမြန်မြန်သွားရအောင် "

မိုးစက်တစ်ယောက် တည်စက်သာကို ချီပြီး မနေ့က ဥယျာဥ်ကိို တစ်ခေါက်ရောက်လာပြန်သည်။ရောက်ရောက်ချင်း မြင်လိုက်ရသည်က စားပွဲပေါ်က အချိုမုန့်တွေကို တစ်ခုပြီးတစ်ခု ကုန်အောင်မစားပဲ တစ်ကိုက်သာကိုက်ပြီး တခြားတစ်ခုပြောင်းကာ ထပ်စားနေတဲ့ နှင်းလေးကိုပင်။အရင်ကဆို ဒီလိုလုပ်တာက ဖြုန်းတီးတာပဲ ဆိုပြီး ဆူပစ်မှာ။

အခုတော့

နှင်လေးအရှေ့က ထိုင်ခုံမှာ ပြုံးပြီးကြည့်နေသူက မဒမ်Cholatte မို့ မိုးစက် နှင်းလေးကို ဘယ်လိုတောင် ပြန်ခေါ်ရမလဲ စဥ်းစားရခက်နေသည်။

Eastern Redud ပန်းဆီရောင်သစ်ပင်များကြား ပန်းရောင်ဂါဝန်လေးနဲ့ ကောင်မလေးက ကိတ်မုန့်တွေကို စားရင်း သူရှေ့က အမျိုးသမီးကို ပြုံးပြရင်း တစ်ခါတစ်ရံ အမျိုးသမီးက ကောင်မလေးက နှုတ်ခမ်းနားက ပေနေသော မုန့်အပိုင်းအစလေးတွေကို ဖယ်ပေးရင်း လက်ကိုင်ပုဝါနဲ့ သုတ်ပေးနေသည်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Onde histórias criam vida. Descubra agora