" မင်း ဘာတွေပြောနေတာလဲ "
မယုံဘူး .... အနွံတာက ဘယ်လိုလုပ်ပြီး မဖြစ်နိုင်တာ ....
" မင်း ငါနဲ့မောင်ကြား သွေးခွဲဖို့ ကြိုးစားနေတာမလား ဟုတ်တယ်မလား "
" ဟက် .... ဘာလဲ သွေးလေခြောက်ခြားနေတာလား နဂိုထဲက ခင်ဗျားပုံစံက ကိုကိုအကြိုက်မဟုတ်ခဲ့ဘူးလေ အဲတာကြောင့် ကျွန်တော်ဆီ လာခိုနားတာပေါ့ ခင်ဗျားကို လက်ထပ်ခဲ့တာလဲ ကိုကိုအတွက် ခင်ဗျားက အသစ်အဆန်းဖြစ်သွားယုံပဲ "
" မင်း "
မိုးစက် ရှက်စိတ်နဲ့ဒေါသကြောင့် အသားများပင်တုန်လာခဲ့သည်။
ငါကိုက အ တာ.... မင်းပြောတဲ့ ကတိတွေကို ယုံမိတဲ့ ငါကိုက အ တာ
" တကယ်တော့ ကျွန်တော်လဲ အကိုမိုးစက်ကို ကိုယ်ချင်းစာပါတယ် အကိုမိုးစက်လို လူမျိုးအတွက် ကိုကိုက မက်လောက်စရာဆိုတော့လဲ အဲတာကြောင့်လဲ ကိုကိုမှာ ကလေးရှိနေတာတောင် မသိချင်ယောင်ဆောင်ပြီး လက်ထပ်ခဲ့တာမလား အကိုမိုးစက်သာ ပေါ်မလာခဲ့ရင် ကျွန်တော်သားလေးလဲ အဖမဲ့ ဖြစ်ရမှာမဟုတ်ဘူး အခုလဲ မွေးလာမဲ့ ကလေးက အဖေခေါ်စရာ မရှိပြန်ဘူး "
" ပါးစပ်ပိတ် ပါးစပ်ပိတ်ထား ငါမသိခဲ့ဘူး ငါတကယ်မသိခဲ့ဘူးလို့ မောင်မှာ ကလေးရှိမှန်း ငါမသိခဲ့ဘူး ငါဘယ်သူမိသားစုကိုမှ ဖျက်ဆီးခဲ့တာမဟုတ်ဘူး "
သူရှေ့မှာ တုန်လှုပ်ပြီး ပြိုလဲနေတဲ့ မိုးစက်သာကို ကြည့်ရင်း အနွံတာ နှလုံးသားထဲကနေ ဝမ်းသာနေမိတယ်။ ကောင်းတယ် ဆက်ပြီး နောင်တရနေ ဒီထက်ပိုပြီးတော့ နောင်တရလိုက်စမ်းပါ။
"ခင်ဗျား အချစ်လို့ နမည်တပ်ထားတဲ့ ခင်ဗျားအိမ်ထောင်ရေးက အပြစ်မဲ့တဲ့ ကလေးနှစ်ယောက်ကို ခုတုံးလုပ်ထားတဲ့ အိမ်ထောင်ရေးပဲ "
ကြမ်းပြင်ကို စိုက်ကြည့်ရင်း ကျဆင်းလာတဲ့ မျက်ရည်တွေက မျက်ဝန်းတွေကနေ တစ်ဆင့် ကြမ်းပြင်ထိ ကျဆင်းသွားသည်။ မိုးစက် စိတ်ထဲ ဘာမှမတွေးတောနိုင်တော့ဘူး။ သူက အရမ်းစိတ်ပျက်ဖို့ ကောင်းနေတာလား ။ သူက သူချစ်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင် နေထိုင်ချင်ယုံပဲ။ ဘယ်သူကိုမှလဲ မနာကျင်စေချင်ခဲ့ဘူး။
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...