"ဒီနေ့ရော အလုပ်သွားမှာလား "
အိပ်ရာပေါ်ကနေ အပျင်းကြောဆန့်ရင်း မင်းဒဿမောင် နက်တိုင်လ်စီးနေသော မိုးစက်ကိုမေးလိုက်သည်။
မိုးရဲ့မွေးနေ့ပြီးကတည်းက သူက မျက်နှာပြောင်တိုက်ကာ မိုးရဲ့အိမ်မှာနေထိုင်နေခဲ့တာ တစ်ပတ်ပင်ရှိနေပြီ။
"သွားရမှာပေါ့ ငါမိသားစုကို ထောက်ပံဖို့ ပိုက်ဆံလိုသေးတယ် "
ဒီလိုပြောတော့ သူအလိုမကျ။ မိုးက သူကိုပြန်လက်ခံလိုက်ပေမယ့် အရင်ကလိုတော့ မိုးရဲ့ယုံကြည်မှုကို သူအပြည့်အဝမရတော့။
" မောင်လဲ မိုးရဲ့မိသားစုပဲ မောင်တို့က အခုထိတရားဝင်လက်ထပ်ထားဆဲပါနော် "
မိုးက အခုထိတရားဝင် သူအပိုင်ဖြစ်နေကြောင်းကို မိုးမမေ့ဖို့ ပြောလိုက်ခြင်းသာ။
မှန်ရှေ့ဆံပင်ကို သေသပ်စွာ ဖီးသင်ပြီး အာရုံစိုက်နေချိန်မှာပဲ သူ့ခါးကိုရစ်ပတ်တဲ့ လက်တစ်စုံက ပိုပြီးတင်းကြပ်လာသည်။
" မောင် ! ဖယ် ငါပြင်ဆင်လို့မပြီးသေးဘူး "
" မောင်ပြောတာကို ကြားရဲ့လား မောင်က မိုးရဲ့မိသားစုပဲလို့ "
မိုးစက် မောင်နဲ့မျက်နှာချင်းဆိုင်ဖြစ်ရန် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး
" ဒါပေါ့ မောင်ကလဲ ငါမိသားစုပါပဲ အဲတာကြောင့်လဲ မောင်တို့ကိုရှာကျွေးဖို့ ငါအလုပ်သွားတာပေါ့ "
မိုးစကားကြောာင့် သူကိုယ်သူ အိမ်မှုကိစ္စလုပ်ပြီး ခင်ပွန်းဖြစ်သူအလုပ်က အပြန်ကိုစောင့်မျှော်နေတဲ့ ဇနီးတစ်ယောက်ခံစားချက်မျိုး ရလိုက်သည်။
" အဟမ်း ! ဒီလိုဆိုမှတော့ မောင်ပစ္စည်းကလဲ မိုးပစ္စည်းပေါ့ တကယ်ဆို မိုးအခုလုပ်နေတဲ့ကုမ္မဏီမှာ မိုးက သူဌေးပဲလေ မိုးအခုလိုမျိုး အလုပ်သင်ဘဝနဲ့ သူများခိုင်းတာတွေ လုပ်နေရတာ မောင်စိတ်အနှောင့်ယှက်အရမ်းဖြစ်တယ် "
" မောင်စိတ်အနှောင်ယှက်ဖြစ်လဲ ငါကယောက်ျားတစ်ယောက်လေ ယောက်ျားတစ်ယောက်အပေါ်ကို ငါမမှီခိုဘူး "
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...