၁၈ ( Unicode )

2K 96 7
                                    

ခရီးဆောင် အိတ်ထဲ မင်းဒဿမောင်ရဲ့ အဝတ်များနဲ့ အသုံးဆောင် တစ်ချို့ကို သေချာစွာ ထုတ်ပိုးနေတဲ့ မိုးစက်တစ်ယောက် ရင်ထဲ ဝမ်းနည်းနေပေမယ့် မျက်နှာကတော့ အပြုံးလေးနှင့်သာ။

" ကိုယ်မသွားချင်ဘူးကွာ...."

ပျင်းတိပျင်းနွဲ့နဲ့ မှီလိုက်တဲ့ မင်းဒဿမောင်ကြောင့်  မိုးစက် နောက်ကျောကြီးလေးသွားသည်။

" လေးတယ် ဖယ်အုံး ပစ္စည်းတွေ ထည့်နေတာ မပြီးသေးဘူး "

" ကိုယ် မသွားချင်ဘူး တစ်လကြီးတောင် မိုးနဲ့ခွဲရမှာ မောင်ကို မသွားနဲ့လို့ တားပေးပါလား "

" မောင်က ကလေးလားကွာ "

မိုးစက် သူ့ကိုမှီနေတဲ့ မင်းဒဿမောင်ကို ဖယ်ထုတ်လိုက်ရင်း ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။

" ဒီမှာ မောင်အတွက် ရေချိုးရင် စီးဖို့ ခေါင်းစည်းကြိုး "

" ပန်းရောင်ကြီး  မကြိုက်ဘူး "

အရင်နှစ်က နှင်းလေးရဲ့ မွေးနေ့ပြီးကတည်းက မောင်က ဆံပင်အရှည်ထားပြီး သူကတော့ မောင်ရဲ့ ဆံပင်အရှည်တွေကို ဂရုစိုက်ပေးရတဲ့ တာဝန်တစ်ခုပိုလာခဲ့တယ်

ဂုတ်ကျော်နေတဲ့ ဆံပင်တွေကို ညပ်ခိုင်းလဲ မသိချင်ယောင်ဆောင်နေတဲ့သူကို မိုးစက်လဲ မနိုင်တော့တာမို့ မပြောတော့ဘဲ အလိုလိုက်ထားလိုက်ရသည်။

" ချစ်ဖို့ကောင်းပါတယ် ယုန်လေးတောင် ပါသေးတယ် ကျွန်တော်စီးပေးမယ် "

ခေါင်းစည်းကြိုးဘူးထဲက တစ်ခုကို ထုတ်လိုက်ပြီး မိုးစက် စည်းပေးလိုက်သည်။

ဂုတ်ကျော်နေတဲ့ ဆံပင်ကို တစ်ဝက်စည်းပေးလိုက်တော့ မောင်မျက်နှာက ပေါ်လာသည်။

" စူပုတ်နေတာပဲ အချိန်နီးနေပြီ ပြင်ဆင်တော့ "

" ပြွတ်စ် "

မင်းဒဿမောင် သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံနေတဲ့ မိုးစက်ကို ဆွဲချလိုက်ပြီး အနမ်းပေးလိုက်သည်။

" မရသေးဘူး နမ်းအုံးမှာ "

" ပြွတ်စ် "

ဆယ့်ငါးမိနစ်လောက်အထိ သူ့နှုတ်ခမ်းတွေကို ဆော့ကစားနေတဲ့ မောင်ကြောင့် အသက်ပင် ရူမဝတော့

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Hikayelerin yaşadığı yer. Şimdi keşfedin