“ ဒါဆို ဦးလေးက ကျွန်တော်အဖေပေါ့ “
ဦးနောင်ရဲ ခေါင်းငြိမ့်ပြလိုက်ပြီး တည်စက်သာဆိုတဲ့ သူသားက သူ့ကိုအဖေတစ်ယောက်အနေနဲ့ အသိမှတ်ပြုပေးစေချင်နေကြောင်း သိသာလှသည်။
“ ဟုတ်တယ် ဦးက သားရဲ့အဖေပါ “
“ ဟုတ်ပြီလေ တစ်ခြားကိစ္စရှိသေးလား “
“ ဟမ် “
တည်စက်သာတစ်ယောက် သူရဲ့ရှေ့က အူတူတူနဲ့ အသက်ကြီးကြီးဦးလေးကို တကယ်စိတ်မရှည်တော့ ။
“ ဒါဆို သားက အဖေကို .... “
“ ဟိုး အခုမှလာပြီး ဖခင်မေတ္တာဆိုပြီး အဖေခေါ်ခိုင်းဖို့ မစဥ်းစားနဲ့ so sorry ပဲ “
လက်ညိုးကို ဘယ်ညာယိမ်းပြီး ငြင်းဆိုနေတဲ့ ကလေးက လူကြီးပေါက်စတစ်ယောက်လိုပဲ။ ကိုယ်ပိုင်ကျောင်းမို့ ကျောင်းဝတ်စုံမှာ ကော်လံရှပ်လက်တိုကိုမှ လည်ပင်းမှာချည်ထားတဲ့ ဖဲပြားအနီလေးကတော့ လူကြီးယောင်ဆောင်နေတဲ့ တည်စက်သာကို ကလေးမှန်းသိသာစေပါတယ်။
ကွက်ကျားဒူးတိုဘောင်းဘီက ကြိုးသိုင်းလေးနဲ့မို့ ချစ်စရာကောင်းနေသည်။“ ဦးလေး နားလည်ပါတယ် အခုချိန်မှ နာမည်ကောင်းဝင်ယူချင်ရတဲ့အထိ ဦးလေးက တစ်ကိုယ်ကောင်းမဆန်ပါဘူး သားကျောင်းထဲဝင်တော့မှာမို့လား ဝင်တော့လေ “
“ နှုတ်ဆက်ပါတယ် “
ချာခနဲ့လှည့်ထွက်သွားတဲ့ ကလေးလေးက တကယ်ကို လှလှပပကြီးပြင်းလာတာပဲ
“ ဖေဖေ “
“ အေ သမီး “
“ ခုနက ကလေးကဘယ်သူလဲ “
ဦးနောင်ရဲ မဖြေခဲ့။
“ သမီး ဝယ်ချင်တာဝယ်ပြီးရင် ကျောင်းထဲဝင်တော့လေ ဖေဖေညနေကျမှ လာကြိုတော့မယ် “
“ ဟုတ် ဖေဖေ “
နှစ်ဖက်ခွဲစည်းထားတဲ့ ဆံပင်လေးတွေကို ယိမ်းခါလောက်တဲ့ထိ ကျောင်းထဲပြေးဝင်သွားတဲ့ သမီးလေးက သူရဲ့အရင်ဇနီး အသက်ပေးပြီးမွေးခဲ့တဲ့ သူရဲ့သွေးသားလေး။ သူဇနီးသည်ကိုသူမချစ်ပေမယ့်ပေါ့။
သူချစ်မိခဲ့တဲ့ တစ်ဦးတည်းသောသူကတော့ သူကိုမုန်းတီးနေပြီး သတ်တောင်သတ်ပစ်ချင်နေသလားပဲ.....
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...