၂၇ ( Unicode )

1.6K 80 11
                                    

" အချစ်..."

"ဟမ် "

အားလီ ငါးကောင်နဲ့ဆော့နေတဲ့ ခမ့်ဟိန်း မော့ကြည့်လိုက်သည်။

" ကိုယ်တို့ လမ်းလျှောက်ထွက်ကြမလား "

ဘာကြောင့်မှန်းမသိ တစ်ခုခုကွဲပြားနေသလို ခံစားနေရပေမယ့် ခမ့်ဟိန်းမသိချင်ယောင်ဆောင်ထားလိုက်သည်။

" ကိုပြည့် သဘောလေ "

ညနေခင်း နေဝင်ချိန်လေ သူတို့ရပ်ကွက်က ပန်းခြံမှာ ရေကန်အကြီးကြီးရှိတယ်။ လူလုပ်ရေကန်ဆိုပေမယ့် ကန်ကြီးက သဘာဝတရားကြီးက လက်ဆောင်ပေးထားသလို နေဝင်ချိန်နဲ့ အရောင်ပြန်နေတဲ့ ရေပြင်က လိုက်ဖက်လွန်းလှသည်။

တစ်နာရီလောက် နှစ်ယောက်အတူတူလမ်းလျှောက်ကြပြီး အားလီ ငါးကောင်မပါလို့ သူတို့နှစ်ဦးကြား လေထုက တိတ်ဆိတ်နေသည်။

" ညောင်းနေပြီလား "

"ဟင့်အင်း ဒါမဲ့ ဘယ်ချိန်ထိ လျှောက်မှာလဲ "

"အချစ်ညောင်းရင်  ကိုယ်တို့ပြန်ကြမယ်လေ "

" ညောင်းတယ် ဒါပေမယ့် မပြန်ချင်သေးဘူး "

ခမ့်ဟိန်း သူတို့အနား လူရှိ၊မရှိ စစ်ဆေးလိုက်ပြီး ကိုပြည့်ရဲ့ပါးကို လှမ်းနမ်းလိုက်သည်။

ရုတ်တရက်ဆန်သွားတဲ့အနမ်းမို့ မင်းပြည့်စုံလဲ ခမ့်ဟိန်းကို ကြည့်နေမိသည်။ ပြီးတော့ ရှက်တဲ့ပုံစံလေးနဲ့ သူ့အနားက ထွက်ပြေးဖို့ ကြံစည်နေတဲ့ ခမ့်ဟိန်းကို ဆွဲဖက်လိုက်ပြီး ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်သည်။

ဒီကောင်လေးကို ဆုံးရှုံးရမှာ သူကြောက်တယ်။ တစ်နေ့ပြီးတစ်နေ့ ဒီစိတ်ကြီးက သူ့ကိုစိုးမိုးနေလွန်းတယ်။

ပုံမှန်ဆို သူတို့နှစ်ယောက်အပြင်မှာ အပြုအမှုဆင်ခြင်ကြပေမယ့် ကိုပြည့်ကတော့ ဒီနေ့ တဇွတ်ထိုးဆန်လွန်းနေသည်။

" ကိုပြည့် ... အပြင်မှာလေ "

ခန့်ဟိန်း သတိပေးလိုက်တော့ မင်းပြည့်စုံအသိပြန်ဝင်လာခဲ့သည်။

" sorry ကိုယ်ကတော့ နမော်နမဲ့နဲ့ "

မထိတထိလေး ပြုံးနေတဲ့ အပြုံးလေးက တကယ်စွဲလမ်းစရာပင်

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now