၁၁ (Unicode)

2.8K 140 11
                                    

" ကြိုဆိုပါတယ် "

ကားထဲက ထွက်လာတာနဲ့ သူ့အရှေ့မှာ ရပ်စောင့်နေတဲ့ မက်မွန်သီး။ မသိမသာဘဲ ဘာမှမရှိတဲ့ အိတ်အလွတ်ကို မက်မွန်သီးဆီပေးလိုက်သည်။
ထို့နောက် တစ်စုံတစ်ခုကို စောင့်မျှော်သော်လည်း မရောက်လာ။

" အဟမ်း ဟမ်း !"

" တစ်ခုခုဖြစ်လို့လား Boss "

မိုးစက် အခုထိအိမ်ထဲ မဝင်သေးတဲ့ မင်းဒဿမောင်ကြောင့် သူကိုယ်တိုင်လဲ ဝင်ရမလို ရပ်ရမလိုဖြစ်နေချိန် ချောင်းဆိုးသံကြားလိုက်ရသည်။

" ဟုတ်တယ် လည်ချောင်းလေ လည်ချောင်း အရမ်းယားနေတာ "

အလိုက်ကမ်းဆိုးမသိတတ်တဲ့ မက်မွန်သီးကို မင်းဒဿမောင် အရိပ်အမွက်ပြောပြလိုက်ပေမယ့်

" ကျွန်တော် ဆရာဝန်ခေါ်ထားပေးပါ့မယ် "

သူ ရေအေးလေး တစ်ခွက်သောက်ချင်တာ ဆရာဝန်ခေါ်ဖို့အထိ လိုလို့လား ။

" ကျစ် "

မင်းဒဿမောင်ရဲ့ မကျေနပ်တဲ့အပြုအမှုကြောင့် မိုးစက် တကယ်လန့်သွား၏။ သူက အိမ်တော်ထိန်းသင်ပေးထားသလို နည်းနည်းလေးတောင်မလွဲ လုပ်ပေးနေတာ ။ တစ်ခုခုမှားနေလို့လား။

" ဒီမှာပါရှင့် Boss "

နှစ်ရှည်လများစွာ မင်းဒဿမောင်ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြီးနေလာခဲ့သူပီပီ ချောစုမှာချက်ချင်း ရေသန့်ကို ထည့်ကာယူလာသည်။ သူကသာ Boss ဘာလိုချင်လဲဆိုတာကို Boss ပါးစပ်ကနေ မပြောဘဲ သိတဲ့ တစ်ဦးတည်းသောသူပဲ။

ချောစုမှာ ဝင့်ကြွားသောအပြုံးနဲ့ မျက်စောင်းတစ်ခုကို မိုးစက်ဆီ ပစ်လွှတ်လိုက်ပြီး

' ကြည့်ထား မကြာခင် ငါ့ရဲ့အရင်နေရာဖြစ်တဲ့ Boss အနားကို ပြန်ရောက်စေရမယ် ' လို့ စိတ်ထဲ ကြုံးဝါးလိုက်သည်။

မင်းဒဿမောင်ရဲ့ ကြည်လင်နေသောစ်ိတ်ကနေ မက်မွန်သီးရဲ့အလိုက်မသိတဲ့အပြုအမှုကြောင့် မည်းမှောင်လာတော့သည်။

သူရှေ့ရောက်လာတဲ့ရေခွက်ကို ကြည့်နေချိန် မင်းဒဿမောင်မှာ အေးစက်သောအငွေ့အသက်များထုတ်လွှတ်နေပြီး

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now