၃၈ (unicode)

1.3K 79 32
                                    

ဆေးရုံအခန်းထဲက အော်သံနဲ့ပစ္စည်းပေါက်ခွဲသံတွေကို လစ်လျူရှုရင်း မဒမ်ဟန်နဲ့အတူ မိုးစက် ဆေးရုံအပြင်ထိ ထွက်လာခဲ့တယ်။

" အခုလောလောဆယ်တော့ မင်း ကိုယ့်သားနဲ့ မတွေ့နဲ့အုံး "

လူရှင်းတဲ့နေရာကို ရောက်တော့ ဟန်က သူ့ကိုပြောလာတယ်။ အခု သူအဖြစ်ချင်ဆုံးက ဘယ်သူနဲ့မှ မတွေ့ချင်တာပဲ။ ဖြစ်နိုင်မယ်ဆို မောင်နဲ့ မတွေ့ခင် အချိန်တွေကို ပြန်ရောက်ချင်မိတယ်။

" ကျွန်တော် သူကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူး ဆေးရုံအခန်းထဲမှာ ပြောခဲ့တဲ့ စကားက အတည်ပါ ကျွန်တော်အပြစ်ခံယူမယ်ဆိုတာလဲ အတည်ပါ "

" ကိုယ့်အနေနဲ့ကတော့ မင်းအပြစ်ခံယူတာ မယူတာ ကိုယ်နဲ့မဆိုင်ဘူးဆိုပေမယ့် ကိုယ်သားကို ကွာရှင်းဖို့ နည်းနည်းတော့ ပြန်စဥ်းစားပေးစေချင်တယ် "

ဟန်က စကားပြောနေရင်း ဆေးရုံပန်းခြံရဲ့ ခုံလေးမှာ ထိုင်လိုက်တယ်။

" ထိုင်လေ "

မဒမ်ဟန်က သူ့ကိုထိုင်ခိုင်းတော့ မိုးစက်လဲ မငြင်းတော့ဘဲ ဘေးနားမှာ ထိုင်လိုက်တယ်။

" ကိုယ် မွေးလာကတည်းက မိဘတွေနဲ့ တရင်းတနှီး မနေခဲ့ဖူးဘူး ကိုယ်မိဘတွေကလဲ ကိုယ့်ကို အချိန်မပေးနိုင်ခဲ့ဘူး ဒါကြောင့် ကိုယ်က ကိုယ့်ကိုကိုယ်သန်မာအောင်လုပ်ရင်း ကြီးပြင်းလာခဲ့တယ် အဲလိုသန်မာခဲ့လို့လဲ ကလေးတစ်ယောက်ကို သာမာန်ရိုးကျ မိခင်တစ်ယောက်လို ပြုစုစောင်ရှောက်ပေးဖို့ ကိုယ်အတွက် ခက်ခဲခဲ့တယ် ကိုယ်တောင် မသိလိုက်ခင်မှာပဲ ကိုယ်က ကိုယ့်မိဘတွေလို ဖြစ်နေခဲ့တယ်။ မင်းဒဿမောင်က ကိုယ့်ကိုယ်တိုင်မွေးတာ မဟုတ်ခဲ့ပေမယ့် မင်းဒဿမောင်က ကိုယ်ရဲ့ တစ်ဦးတည်းသော ရတနာလေးပါ "

ပြောနေရင်းနဲ့ အနည်းငယ် မျက်နှာငြိုးသွားတဲ့ ဟန်ကိုကြည့်ပြီး မိုးစက်လဲ ကိုယ်ချင်းစာမိပါတယ်

" ဒီရတနာတုံးလေးက ရွံတွေနဲ့ဖုံးနေခဲ့ပေမယ့် မင်းလက်ထဲမှာတော့ အရမ်းကို လှပနေခဲ့တယ် ကိုယ်ကလေ မိခင်ကောင်းတစ်ယောက်မဟုတ်ပါဘူး ဒါပေမယ့်လည်း တစ်ခါတစ်လေတော့ မိခင်ပီသချင်မိတယ် "

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now