"ဝါးးးးး ပင်လယ်ကြီး "
"ဖြေးဖြေး ချော်လဲမယ် "
လက်ချင်းတွဲရင်း ပြေးသွားတဲ့ကလေးတွေ ကိုကြည့်ရင်း မိုးစက် အော်ပြောလိုက်သည်။ အပျော်လွန်နေတဲ့ ကလေးတွေ ကတော့ သူ့စကားကို ကြားမယ်တောင် မထင်တာမို့ မိုးစက်အနောက်က ပြေးလိုက်သွားဖို့ပြင်လိုက်ပေမယ့် သူ့လက်ကိုဆွဲလိုက်တဲ့ မောင်ကြောင့် ခြေလှမ်းများရပ်တန့်သွားသည်။
"ဘာလုပ်တာလဲ အန္တရာယ်များတယ် "
" ကလေးတွေ ဆော့ပါစေ မောင် သူတို့ကိုကြည့်ဖို့ လူလွှတ်ထားတယ် မောင်နဲ့ လမ်းလျှောက်ရအောင် "
"သူတို့က သူစိမ်းတွေလေ ငါစိတ်မချပါဘူး ပင်လယ်ကြီးကလှပေမယ့် အန္တရာယ်များတယ် "
" ဒါပေမယ့် မိုးရေမကူးတတ်ဘူးမလား သူတို့ဘာသာ လွတ်လွတ်လပ်လပ်ကစားပါစေ မောင်ကို အချိန်ပေးနော် "
မျက်လုံးရွဲကြီးတွေနဲ ပါပီတစ်ကောင်လို့ တောင်းဆိုနေတဲ့ မောင်ကြောင့် သူနောက်ဆုံးခေါင်းငြိမ့်လိုက်ပြီး လှိုင်းသေးသေးလေးတွေ ရိုက်နေတဲ့ကမ်းခြေဘေးမှာ မောင်နဲ့အတူ လမ်းလျှောက်ဖို့ ဖြစ်လာခဲ့တယ်။
" ဘာလုပ်တာလဲ "
ရုတ်တရက် သူ့ဖိနပ်ကိုလာချွတ်နေတဲ့ မောင်ကြောင့် လန့်ပြီးနောက်ဆုတ်သွားမိတယ်။
"ကမ်းခြေဘေးမှာ လမ်းလျှောက်ရင် ဖိနပ်ချွတ်လျှောက်ရတယ်တဲ့ "
" တစ်ခါမှ မကြားဖူးပါဘူး "
တစ်ခါမှလဲ မရောက်ဖူးတာကြောင့် ဖြစ်နိုင်တယ်လို့ မိုးစက်တွေးမိလိုက်သည်။
သူ့ဖိနပ်ကို ကိုင်ပေးထားတဲ့ မောင်က တစ်ဖက်ကလဲသူ့ပခုံးကို ဖက်ထားသေးသည်။
" ချမ်းနေပြီလား လေက ကြမ်းတယ် "
" ဟင့်အင်း မချမ်းပါဘူး ဒီလိုလေး မောင်နဲ့လမ်းလျှောက်ရတာကို ငါသဘောကျတယ် "
မင်းဒဿမောင် ပြုံးမိလိုက်တယ်။ တစ်ယောက်ယောက်ကို ချစ်ပေးရတာ ဒီလိုခံစားချက်မျိုးလား။
" ကျေးဇူး"
လမ်းလျှောက်ရတာ နည်းနည်းကြာသွားတာမို့ သူတို့နှစ်ယောက်လုံး ပင်လယ်ဘက်နားက အနားယူဖို့ဆောက်လုပ်ထားတဲ့ ထိုင်ခုံလေးမှာ ထိုင်နေကြပြီး ရေဆာတာမို့ မောင်သွားယူလာပေးတဲ့ အအေးကို သောက်လိုက်သည်။
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...