"လမ်းဖယ်ကြပါ လမ်းဖယ်ကြပါ "
တဆာဆာအော်နေတဲ့ အသံကြောင့် မင်းပြည့်စုံ နောက်သို့ လှမ်းလိုက်မိသည်။ သူသွားနေတဲ့လမ်းမှာ လူရှင်း ကားရှင်းလွန်းလို့ ခွေးတစ်ကောင် ကြောင်တစ်ကောင်တောင် မတွေ့ရပဲ ဘာလို့ အဲလောက်အော်ကာ ဖယ်ခိုင်းနေတာဆိုတာ သိချင်တဲ့ စိတ်နဲ့
သူနောက်လှည့်လိုက်တဲ့အချိန်မှာပဲ ကြီးကြီးမားမား အရာကြီး သူ့ဆီ ဇွတ်ပြေးဝင်လာတော့တာပဲ။ ထိုသတ္တဝါကတော့ Gold retriever အမျိုးအစား ခွေးငါးကောင်ပင်
ထိုနေရာမှာပဲ မင်းပြည့်စုံတစ်ယောက် ခွေးငါးကောင်ကြောင့် မှောက်ရပ်လှဲသွားတော့သည်။
လိမ်မာတဲ့ ပါပီလေးတွေကလဲ သူတို့အပြစ်လုပ်မိပြီဆိုတာ သိသွားတာမို့ တအီအီနဲ့ အသီးသီးအော်ကာ နာချင်ယောင်ဆောင်နေကြသည်။
" ရ...ရရဲ့လားဗျ "
" ဒီမှာ.... မင်း ခွေးတွေ...တွေ "
မင်းပြည့်စုံ ခွေးတွေပိုင်ရှင်ကို အပြည့်အဝ အော်ဟစ်ကာအပြစ်တင်မည်ဟု စိတ်ထဲကြုံးဝါးထားပေမယ့် သူမျက်လုံးထဲ ပေါ်လာတဲ့ မျက်နှာလေးကြောင့် သူ့ပါးစပ်သူ အမြန်ပြန် ပိတ်လိုက်ရသည်။
အုန်းမုန့်ခွက်လို ခပ်အုပ်အုပ်ရှေ့ဆံပင်လေးနဲ့ မျက်မှန်အဝိုင်းလေး။ Over size T shir ကို Short pant ထဲထည့်ဝတ်ထားပြီး ခါးပတ်သေးသေးလေးတောင် ပတ်ထားသေးသည်။ ခြေသလုံးသေးသေးလေးထိ တက်ဝတ်ထားတဲ့ ခြေအိတ်ဖြူနဲ့ shoe တို့က ပနံသင့်လှသည်။
ဘယ်လိုပဲ ကြည့်ကြည့် အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက် အခုချိန်မှာ သူသွားအော်ဟစ်လိုက်ရင် ဟိုက သူ့ကိုကြောက်ပြီး ငိုသွားရင် ပတ်ဝန်းကျင်ရဲ့ အကြည့်တွေကြား သူ့အပြစ်က ဖြစ်အုံးမယ်
ဒီလောက် ညပ်စိဖြစ်နေတဲ့ လူကောင်နဲ့ အရွယ်ရောက်ပြီးသား Gold retriever ငါးကောင်ကို တစ်ပြိုင်တည်း ကြိုးဆွဲနိုင်တာ အံသြတယ်
" ကျွန်တော် တောင်းပါတယ်ဗျာ ကလေးတွေက ဒီနေ့မှ စကားနားမထောင်ဘူးဖြစ်နေတာ ပတ်ဝန်းကျင်အသစ်မို့ထင်ပါတယ် "
လူကောင်ညပ်စိနဲ့ သူ့ကို မနည်းဆွဲထူနေတဲ့ ကောင်လေးကြောင့် မင်းပြည့်စုံ အားနာနာနဲ့ ထိုကောင်လေးလက်ကိုကိုင်ကာ ထလိုက်သည်။
ESTÁS LEYENDO
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Ciencia FicciónCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...