၄၅ ( Unicode )

994 47 2
                                    

" ဟာ့ "

ခါးသိမ်သိမ်လေးကို ဆွဲဖက်ရင်း ဒဿ လည်တိုင်ဖြူဖြူလေးကို ကိုက်ခဲလိုက်သည်။ သူရဲ့ လှုပ်ရှားမှုတွေကြောင့် အသက်ရူသံ ပုံမှန်ထက် မြန်နေပြီး နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ မိုးရဲ့ရင်ဘတ်လေးပေါ် ခေါင်းမှီလိုက်ရင်း

" မိုး မောင်ကြောင့် နှလုံးခုန်တွေ မြန်နေတယ် "

သဘာကျစွာနဲ့ ပြောလိုက်သည်။

" မောင် မိုးကို နမ်းလို့.....အို့ "

တစ်စက္ကန့်အတွင်းမှာပဲ မင်းဒဿမောင် အောက်ပိုင်း အောင့်တက်လို့သွားသည်။

" သေ... မသနားဘူး "

သူ ဒူးနဲ့တိုက်လိုက်လို့ အောက်ပိုင်းကိုကိုင်ရင်း အသက်ရူမဝဖြစ်နေတဲ့ မင်းဒဿမောင်ကိုကြည့်ရင်း မိုးစက် ကျေနပ်သွားသည်။ လူကို သူစိတ်ကြိုက် လုပ်ချင်တိုင်းလုပ်ရအောင် ငါက သူ့အဖေလား ။

" မိုး....မောင်ကို ကယ်ပါ "

မိုးစက် စားပွဲခုံပေါ်က ဆင်းလိုက်ပြီး လျော့ရဲနေတဲ့ အင်္ကျီကို သေချာကြယ်သီးပြန်တပ်ပြီး သေသပ်အောင် ပြင်ဆင်လိုက်သည်။

ကြမ်းပြင်မှာ ဒူးထောက်ရင်း အသက်ရူမဝဘဲ နာကျင်နေတဲ့ မင်းဒဿမောင်ရဲ့ မျက်နှာကို မိန့်မိန့်ကြီးကြည့်ရင်း မိုးစက်သာ နောက်ပြန်လှည့်မကြည့်ဘဲ နားနေခန်းထဲက ထွက်သွားတော့သည်။

ကျန်နေခဲ့တဲ့ မင်းဒဿမောင် အချိန်ယူပြီး နာကျင်မှုတွေ လျော့သွားမှ မတ်တပ်ထရပ်လိုက်သည်။ နောက်တစ်ခါဆို သူတစ်ကယ်မျိုးကန်းတော့မယ်။

***********

"မိုးစက် ကြာလိုက်တာ ရော့ ငါကို မိတ္တူကူးပေးအုန်း "

တစ်ပုံတစ်ပင်ကြီး ရောက်လာတဲ့ စာရွက်စာတမ်းပင်။

"ဟုတ်ကဲ့ "

မိတ္တူကူးစက်နားတွင် စာရွက်စာတမ်းများကို မိတ္တူကူးနေသော မိုးစက် ။ တစ်လံလောက်အကွာတွင် နံရံကို မှီကာသူ့ကိုကြည့်နေတဲ့ မင်းဒဿမောင် .....

" မင်းမှာ ဘာမှလုပ်စရာမရှိဘူးလား "

သူ့မျက်နှာကို ပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့ မင်းဒဿမောင်ကို သည်းမခံနိုင်တော့ဘဲ မိုးစက်မေးလိုက်သည်၊

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Donde viven las historias. Descúbrelo ahora