" ဒါဆို ပူပေါင်းမှုအောင်မြင်ပါစေ "
တစ်ဖက်သူဌေးဖြစ်သူနဲ့ လက်တွဲနှုတ်ဆက်ပြီး မင်းဒဿမောင် အစည်းအဝေးကို နိဂုံးချုပ်လိုက်သည်။
ဟိုတယ်ထဲမှ တစ်ခြားသူဌေး၊ ရှယ်ယာရှင်တွေနဲ့ စကားပြောရင်း အတူထွက်လာကြသည်။ ရုတ်တရက် ခမ့်ဟိန်းအနားတိုးကာ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင် မင်းဒဿမောင်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး
" အာနာလိုက်တာ ကျုပ်မှာ အရေးကြီးကိစ္စပေါ်လာလို့ အတူမလိုက်ပေးနိုင်တော့ဘူး "
အာနာတဲ့ပုံစံနဲ့ ပြောနေပေမယ့် မင်းဒဿမောင်ရဲ့ မျက်နှာအနေအထားကြောင့် ဘယ်သူမှ မင်းဒဿမောင်က အမှန်တကယ် အားနာနေတယ်ဆိုတာကို မယုံကြည်ကြပေ။မယုံကြည်ကြပေမယ့်လည်း
" ရပါတယ် နောက်မှ အေးဆေးတွေ့ကြတာပေါ့ "
"ဒါပေါ့ နောက်လည်းတွေ့ရအုံးမှာပဲ "
လူအများက မင်းဒဿမောင်ကိုနှုတ်ဆက်ပြီး အသီးသီးထွက်သွားကြသည်။
လူအုပ်ကြီးရှင်းသွားတာနဲ့ ကြည်လင်ပြီးနှစ်လိုဖွယ်ကောင်းတဲ့ အသံတစ်သံထွက်ပေါ်လာခဲ့သည်။
"ကိုကို "
ထိုကောင်လေးက ပြေးလာခဲ့ပြီး သူထက်လူကောင်ကြီးတဲ့ မင်းဒဿမောင်ကို ပြေးဖက်လိုက်သည်။ မင်းဒဿမောင်လဲ ကောင်လေးကို ပြန်ဖက်လိုက်ပြီး လေထဲမှာပဲ တစ်ပတ်လောက် ပတ်ပစ်လိုက်သည်။
အများသူဌာသွားလာနေကြတဲ့ နေရာမှာ ထိုနှစ်ယောက်ရဲ့ အနမ်းတွေကနေ ထွက်လာတဲ့ အသံတွေက တကယ်ကို ရှက်ဖွယ်
" အနွံတာ ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
" ဟီးဟီး အတာက မငယ်တော့ပါဘူးနော် ၂၃ တောင်ရှိပြီ ဒယ်ဒီရဲ့ လူတွေကို လှည့်ပတ်ပြီး ထွက်လာရတာပေါ့ ကိုကို H နိုင်ငံကို ရောက်နေတယ်ကြားလို့ ဘယ်လိုလဲ အတာ တော်တယ်မလား "
" တော်တယ် "
မင်းဒဿမောင်လဲ သူရှေ့က ကလေးရဲ့ နှာခေါင်းလေးကို လက်ညိုးနဲ့ ထိလိုက်သည်။
" ဘာစားပြီးပြီလဲ တစ်ခုခုစားကြမလား "
" ကိုကိုပဲ စားတော့လေ အတာ ရေချိုးထားပြီးပြီ "
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...