၄၁ (Unicode)

1.1K 70 7
                                    


ခမ့်ဟိန်းရဲ့ နှုတ်ခမ်းပါးကနေ သူ့နှုတ်ခမ်းဆီ ကျရောက်လာတဲ့ အနမ်းပါးပါးလေး ။ မညင်သာပေမယ့် နက်ရှိုင်းလွန်းနေတဲ့ အနမ်းလေးက မင်းပြည့်စုံရဲ့ နှလုံးသားလေးကို ထပ်ပြီး နာကျင်သွားစေပြန်တယ် ။

တစ်စုံတစ်ယောက်အတွက်တော့ သူ့အချစ်တွေက လွယ်ကူခဲ့နေတယ်

"ကိုပြည့် "

နက်နက်ရှိုင်းရှိုင်း တွယ်ငြိမသွားခင် ဧည့်ခန်းထဲက ကြားလိုက်ရတဲ့ ခေါ်သံကြောင့် သူ့ကိုဖက်တွယ်ထားတဲ့ ကောင်လေးကို တွန်းထုတ်လိုက်တယ်။

"အာ့"

အားမပါသွားပေမယ့်လည်း သတိလက်လွတ်ဖြစ်နေချိန်မို့ ခမ့်ဟိန်း ကြမ်းပြင်ထိ ဖင်ထိုင်ရက်လဲကျသွားသည်။

မင်းပြည့်စုံ တွန်းလိုက်ပြီးမှ နောင်တရသွားပေမယ့် ခမ့်ဟိန်းဆီ နောက်တစ်ခေါက်တော့ မချဉ်းကပ်တော့ဘူး။

" Sorry ကိုယ် မရည်ရွယ်ပါဘူး "

ပြောပြီးတာနဲ မင်းပြည့်စုံ မျက်စိစုံမှိတ်ပြီး ဧည့်ခန်းထဲကို သွားလိုက်တယ်။

ကျန်နေခဲ့တဲ့ ခမ့်ဟိန်းမှာ တစ်ခါမှမခံစားဖူးတဲ့ ခံစားချက်ကြီးက သူ့ကိုဝါးမျိုးသွားသလိုပဲ။ အံအားသင့်သွားသလို မထင်ထားခဲ့တာမို့ ကိုပြည့် သူ့ကို ငြင်းဆန်တဲ့အခါ နှလုံးသားလေးက တကယ်ချဉ်တက်လာတယ်။

ကြမ်းပြင်ကနေ ကုန်းရုန်းထလိုက်ပြီး ကိုပြည့်ရှိနေတဲ့ ဧည့်ခန်းထဲထိ သွားလိုက်တော့ မိန်းကလေး တစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောနေတာကို တွေ့လိုက်ရတယ်။

ဆစ္ခဏတာ ဆွံအသွားသည်။ အခြားသူနဲ့ဆို အမြဲတည်ငြိမ်နေပြီး အေးဆေးတဲ့ ကိုပြည့်ရဲ့ပုံစံက သူနဲ့အတူရှိရင် ပြုံးပြတတ်တဲ့ နွေးထွေးတဲ့ အပြုံးလေးကို တစ်ခြား မိန်းမတစ်ယောက်ကို ပြုံးပြနေတာမို့ ခမ့်ဟိန်း ရင်ဘတ်ကြီး ဓားနဲ့ထိုးခံနေရသလို နာကျင်နေမိတယ်။ ဒါပေမယ့်လည်း ခမ့်ဟိန်း မျက်နှာထက် အပြုံးလှလှလေးတစ်ခုကို ဖန်တီးလိုက်ပြီး ခြေလှမ်းတွေက ဧည့်ခန်းဆီ လှမ်းလာခဲ့တယ်။

ကိုပြည့်ထိုင်နေတဲ့ တစ်ယောက်ထိုင်ဆိုဖာရဲ့ လက်ရံမှာ တစ်ခြမ်းစောင်းထိုင်လိုက်ပြီး သိသိသာသာကို ကိုပြည့်ရဲ့ ပခုံးပေါ် လက်တင်လိုက်သည်။ သူရဲ့ အပြုအမှုကို တစ်ဖက်မိန်းမကလဲ အံသြနေတဲ့ပုံပဲ။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now