မင်းဒဿမောင် လက်ပတ်နာရီကို ကြည့်လိုက် ရေချိုးခန်းတံခါးကို ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ အချိန်တွေ တစ်ဖြည်းဖြည်းကုန်လာပေမယ့် မက်မွန်သီးကတော့ အခုထိ ရေချိုးခန်းထဲက ထွက်မလာသေးတာမို့ စိတ်မရှည်နိုင်တော့ဘဲ တံခါးခေါက်လိုက်သည်။
" မိုး မပြီးသေးဘူးလား "
"မ...မပြီးသေးဘူး မောင်ဝင်မလာနဲ့ "
မိုးစက်တစ်ယောက် အထဲမှာ တကယ်အခက်ကြုံနေသည်။ မောင် ဆန္ဒကို ဖြည့်ဆည်ပေးချင်ပေမယ့် သူဒီလိုကြီးဝတ်ရမှာကို ရှက်နေသေးသည်။
မောင် အကြိုက်က ဒီလိုထူးထူးဆန်းဆန်းတွေလား
" ကျစ် ကိုယ်စိတ်မရှည်တော့ဘူး "
မင်းဒဿမောင် တံခါးတွန်းဖွင့်ပြီး ဝင်လိုက်တော့ မက်မွန်သီးရဲ့ နီရဲနေတဲ့ မျက်နှာလေးနဲ့ ချစ်ဖို့ကောင်းနေသည်။ မလုံတလုံအဝတ်စားတွေကိုလဲ သူမြင်မှာဆိုးလို့လား အတင်းဆွဲချနေသေးသည်။
မိုးစက် ရှက်လွန်းလို့ တွင်းလေးတစ်တွင်းထဲသာ ပြေးပုန်းချင်နေတော့သည်။
မိန်းကလေးဝတ် ညဝတ်အပါးလေးကို ဘောင်းဘီမှာ ဖောင်းဖောင်းလေးဖြစ်ပြီး တိုလွန်းသည်။ တစ်ခါလမ်းလျှောက်လိုက်တိုင်း မိုးစက်ရဲ့ တင်ပါးလေးကို မြင်နေရသည်။ အင်္ကျီမှာ ဂျိုင်းပြတ်လေးဖြစ်ပြီး ဖဲပြားလေးတွေ အတွန့်လေးတွေနဲ့ ဒီဇိုင်းဆင်ထားသည်။ ထူးခြားတာက ချည်ထားတဲ့ ဖဲပြားကို ဖြေလိုက်ရင် သူ့ရဲ့ ရင်ဘတ်လေးက လုံးဝပြသထားသလို လွတ်သွားတော့သည်။
ဇာကာပေါက်လို ခြေအိတ်အဖြူက ဒူးအပေါ်ထိရှည်ပြီး ဖဲပြားပန်းနုရောင်လေး ပါ အလှဆင်ထားသည်။
" တကယ်လှသည်။ "
" မောင် အဲလိုမကြည့်နဲ့ ငါ့ရှက်လာပြီ "
" ကျစ် လှလို့လှတယ်ပြောတာ ကိုယ်အခုချက်ချင်းတောင် ဒီနေရာမှာပဲ မိုးကို fu*k ပစ်ချင်ပြီ "
နား အနားကပ်ကာ ပြောလာတဲ့ လေသံတိုးတိုးကြောင့် မိုးစက်တစ်ယောက် ရင်တွေခုန်ရပြန်သည်။
" ဒါလေးကို ကိုယ်တိုင်တပ်ပေးမယ် "
မင်းဒဿမောင် သူ့လက်ထဲ ကြောင်မြီးအဖြူရောင်လေးကို ကိုင်ထားရင်း လှုပ်ရမ်းပြလိုက်သည်။
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...