၂၄ ( Unicode )

1.5K 88 27
                                    

" မောင် "

မိုးစက် မျက်နှာထက် ဝမ်းသာ အပြုံးတို့ဟာ လှလွန်းနေသည်။

မိုးစက် ချက်ချင်း ခြံတံခါးဖွင့်ပြီး မောင်ကိုပြေးဖက်လိုက်သည်။

မောင် သူ့ဆီမလာတော့ဘူးထင်ပြီး ဘယ်လောက်တောင် ဝမ်းနည်းခဲ့ရတာလဲ

" မလာတော့ဘူးထင်နေတာ "

မင်းဒဿမောင်လဲ မိုးစက်ရဲ့ ခါးသွယ်သွယ်လေးကို ပြန်ဖက်လိုက်ပြီး မိုးစက်လည်ပင်းနားထိ သူမျက်နှာကို ထားလိုက်သည်။

ချုပ်ကိုင်ပိုင်စိုးမှုတွေ ပြင်းတဲ့ အရှိန်အဝါနဲ့ အေးစက်ပြီး အသက်မဲ့တဲ့ မျက်ဝန်းတွေက Moon ကို လှမ်းကြည့်နေတာမို့ Moon စိတ်ထဲ မနှစ်သက်ဖြစ်သွားသည်။

" ဘာလို့ အဲလိုထင်ရတာလဲ မောင် လာခဲ့မယ်လို့ပြောရင် လာခဲ့မှာပေါ့ "

မင်းဒဿမောင် မက်မွန်သီးလေးရဲ့ လည်ပင်းဖြူဖြူလေးကို ကိုက်ခဲပစ်လိုက်သည်။ သူကိုက်တာ ပြင်းသွားတယ်ထင်တယ် မက်မွန်သီးလေး လည်ပင်းမှာ သွားရာတောင် ထင်လာခဲ့တယ် ။

" အာ့ ...မောင် နာတယ် "

မိုးစက် လက်နဲ့ မောင်ကို တွန်းပင်ပေမယ့် မောင် သူ့ကို ဖက်ထားတာ ပိုပိုတင်းကြပ်လာသည်။

" မောင် ငါကိုလွှတ်ပါအုံး ...ငါပြောစရာတွေရှိတယ် "

" မရုန်းနဲ့ မောင်တို့မတွေ့ရတာ ကြာပြီလေ မောင်ကို မလွမ်းဘူးလား "

မိုးစက် နောက်ဆုံးတော့ မောင်စကားကို နားထောင်လိုက်ရတော့တယ်

"လွမ်း....လွမ်းတာပေါ့ "

" ဒါဆို မောင်ကို နမ်းပါအုံး "

"လူရှိတယ်လေ "

မိုးစက်လဲ Moon ခြံထဲမှာ ရှိသေးတာမို့ ငြင်းလိုက်သည်။

" မရှိပါဘူး "

မင်းဒဿမောင် လိမ်လိုက်သည်။ တကယ်က Moon ဟာ နေရာမှာပဲ ရပ်မြဲတိုင်းရပ်နေဆဲပင်။

" ဟမ် .... တကယ်လား "

မိုးစက် အနောက်ဘက် လှည့်ကြည့်မို့ ခေါင်းလှည့်ဖို့ပြင်လိုက်ပေမယ့် မင်းဒဿမောင်က သူ့ခေါင်းကို ပြန်ဆွဲယူပြီး နှုတ်ခမ်းချင်း ထိကပ်လိုက်ပစ်လိုက်သည်။ ထိကပ်ရုံပဲ မဟုတ်တဲ့ အနမ်းတွေကြောင့် မိုးစက်အသက်ရူကြပ်လာတယ်

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Tahanan ng mga kuwento. Tumuklas ngayon