“ အာ “
ရေခဲမုန့်တစ်ခုလုံးကို တစ်ခါတည်းစားလိုက်တာကြောင့် နှင်းလေး၏ ဦးနှောက်လေး ကျဥ်ကနဲ့ အေးသွားတာကြောင့် အာမေဋိတ်အသံလေးထွက်လာသည်။
“ ဖြေးဖြေးစားလေ နှင်းလေးရဲ့ ......နှင်းလေးကအရင်အတိုင်း ရေခဲမုန့်ဆို ကြိုက်တုန်းနော် “
“ကြိုက်တာပေါ့ ဦးဦးရဲ့ ... နှင်းလေးကလေ ရေခဲမုန့်ကို ကိုကိုထက်တောင် ကြိုက်သေးတယ်”
ဒန်းလေးကို ခြေထောက်နဲ့ လွဲရင်း သူ့ကိုပြန်ပြောလာတဲ့ နှင်းစက်သာကို ကြည့်ရင်း ဦးနောင်ရဲ ပြုံးလိုက်မိသည်။ ဖြူစင်လိုက်တဲ့ ပန်းပွင့်ဖြူလေး ဒီလိုပန်းလေးကို သူဘယ်လိုစိတ်နဲ့များ အရောင်စွန်းခဲ့မိပါလဲ။ တစ်ကိုယ်ကောင်းဆန်စွာ ဖြည့်တွေးရင် သူက အဲအချိန်တုန်းက ပုံမှန်အသိစိတ်လဲ မရှိခဲ့။
ယောကျာ်းတစ်ယောက်အနေနဲ့ သူဟာ သူရဲဘောကြောင်စွာ ထွက်ပြေးခဲ့မိသည်။
“ ဟားဟားဟား ..... “
နှင်းလေးရဲ့ စကားကို သဘောကျလို့ ရယ်မိတော့ ဒန်းပေါ်က ကလေးမက မျက်စောင်းလေးထိုးရင်း ဘာလို့ရယ်တာလဲလို့ မေးလာသည်။
“ ဒီစကားကိုသာ နှင်းလေး ကိုကိုကြားလို့ကတော့ အရမ်းဝမ်းနည်းသွားတော့မှာပဲ “
“ ကိုကိုက ဘာလို့ဝမ်းနည်းရမှာလဲဟင် “
“ ဘာလို့လဲဆို မိုးစက်က နှင်းလေးကို အချစ်ဆုံးမလား “
“ဟီး ဟုတ်တာပေါ့ “
သဘောတကျရယ်မောနေတဲ့ ကလေးမက ခဏအကြာ မျက်နှာလေး ပြန်တည်သွားရင်း
“ ဟုတ်ပါဘူး ကိုကိုက မောင်ကိုချစ်တာတဲ့ “
“ မောင်ဟုတ်လား ဘယ်ကမောင်လဲ “
“ သိဘူးလေ ကိုကိုက အဲတိုင်းပဲခေါ်လို့ မောင်ကလဲ နှင်းလေးကိုရေခဲမုန့်ဝယ်ကျွေးတယ် “
“ စား စား စားလို့ပြီးရင် ဦးဦးအိမ်ပြန်လိုက်ပို့ပေးမယ် “
ဦးနောင်ရဲလဲ ကလေးမကိုဘာမှမေးမနေတော့ဘဲ ပြောလိုက်သည်။
“ နှင်းလေး ဘယ်တွေသွားနေတာလဲ “
BINABASA MO ANG
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...