"အားလုံး တန်းစီပြီး ဆင်းကြမယ်နော် နေရာမလုကြနဲ့ "
ကျောင်း Bus ကားမှ ညီညီညာညာဆင်းလာကြတဲ့ မူလတန်းကျောင်းသား/သူများ ။ အားလုံးဆင်းပြီးသွားတဲ့အခါ မင်းပြည့်စုံမှာ လက်ခုပ်နှစ်ချက် တီးလိုက်ပြီး
" ကယ် အားလုံးပဲ သူငယ်ချင်းတွေ နှစ်ယောက်တစ်တွဲ လက်ချင်းက်ိုင်ထားကြမယ်နော် "
"ဟုတ်ကဲ့ပါဗျ/ရှင့် "
ကလေးလေးတွေမှာ သူငယ်ချင်းအချင်းချင်း အဖွဲ့ဖွဲ့လိုက်ကြသည်။ မင်းပြည့်စုံ ကလေးတွေကို အကဲခတ်ကြည့်လိုက်တော့ တစ်နေရာမှာ တစ်ယောက်တည်း ရပ်နေတဲ့ ကလေးလေးကိုတွေ့လိုက်ရတယ်။
" သားရဲ့ သူငယ်ချင်းရော "
ပုံပုံဇိန်ရာလေးမှာ သူ့ကိုမေးနေတဲ့ ဆရာကိုကြည့်လိုက်တယ်။
"သားမှာ သူငယ်ချင်းမရှိဘူး "
မင်းပြည့်စုံလည်း ပုံပုံဇိန်ရာကို ခေါင်းလေးပုတ်ပေးလိုက်တယ်။ အရင်က တည်စက်သာနဲ့အတူတူကစားနေကြဆိုပေမယ့် တည်စက်သာလေးက ကျောင်းပြောင်းသွားခဲ့တာမို့ ပုံပုံဇိန်ရာလေး တစ်ယောက်တည်းပဲ ကျန်ခဲ့တော့တယ်။
"ဒါဆို ဆရာနဲ့တွဲမလား "
" ဆရာမှာ သူငယ်ချင်းမရှိဘူးလား "
" အမ် ဆရာမှာ သူငယ်ချင်းမရှိဘူး ပုံပုံက ဆရာသူငယ်ချင်းလုပ်ပေးမလား "
"ပြီး...ပြီးရော "
မူလတန်း ဆရာ/မ ၅ ယောက်ဦးစီးပြီး ကလေးတွေကို ခွဲကာ တာဝန်ယူလိုက်ကြပြီး
တိရစ္ဆာန်ဥယျာဥ်ထဲ လေ့လာရေးခရီးစတင်တော့သည်။မင်းပြည့်စုံ တာဝန်ယူရတဲ့ ကလေး ဆယ်ယောက်လုံးမှာ လိမ်မာသည်။စကားလဲ နားထောင်ပြီး ချစ်ဖို့ကောင်းကြတယ််။
" ဆရာ ကျွန်မ ဆရာနဲ့ ပူပေါင်းလို့ရမလား "
သူ့ကို စကားလာပြောတဲ့ ဆရာမနမည်က ကဗျာချို ဖြစ်ပြီး သူတို့ကျောင်းကိုပြောင်းလာတာ မကြာသေးတဲ့ ဆရာမတစ်ယောက်ဖြစ်တယ်။
"ဗျာ "
"ဟို ကျွန်မက ဒီမြို့ကို ရောက်တာလဲ မကြာသေးတော့ ကျွန်မ ကလေးတွေကို နေရာအစုံ လိုက်မပို့နိုင်မှာ စိုးရိမ်လို့ပါ ဆရာကလဲ ဒီမြို့သား ဆိုတော့လေ "
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...