၂၂ ( Unicode)

1.7K 98 20
                                    

အိမ်ရှင်အဖွားမှာ ဒီလိုသတင်းမျိုးကြားလိုက်ရတာ တကယ်စိတ်မချမ်းသာဖြစ်နေသည်။

" ကယ် ဒီညတော့ နှင်းလေးနဲ့ သာသာကို အဖွားနဲ့ပဲ တူတူအိပ်ခိုင်းလိုက် သားကတော့ Moon အခန်းထဲမှာ အိပ်လိုက် "

" ဗျာ အဆင်ပြေပါ့မလား "

အခုမှတွေ့ဖူးတဲ့ လူစိမ်းနဲ့ အတူတူမအိပ်ချင်တာမို့ မိုးစက်အင်တင်တင်ဖြစ်သွားသည်။

"ပြေပါတယ် ဟိုဘက်က အိမ်ကိုလဲ အဖွားရောင်းလိုက်ပြီကွဲ့ အဖွားအိမ်က အိပ်ခန်းသုံးခန်းထဲပါတာ လွတ်နေတဲ့ အခန်းကို နှင်းလေးနဲ့သာသာကို နေခိုင်းလိုက်မယ် ငါ့သားကတော့ Moon နဲ့ပဲ အိပ် မဟုတ်လဲ အဖွားအခန်းထဲမှာ အိပ်"

"ရပါတယ် ကျွန်တော် Moonဆိုတဲ့ လူနဲ့ပဲ အိပ်လိုက်ပါ့မယ် "

အဖွားအခန်းကို ယူရလောက်တဲ့အထိ မိုးစက်အသိတရားမရှိသူ မဟုတ်ပါ။

" အဲဆို အပေါ်တက်သွားလိုက် "

" ဟုတ် "

မိုးစက်လည်း အဖွားကို နှုတ်ဆက်ခဲ့ပြီး အပေါ်ထပ် တက်လာခဲ့သည်။ တံခါးရှေ့ရောက်တော့ တံခါးခေါက်ဖို့ တွန့်ဆုတ်နေခဲ့သည်။

ပထမတစ်ခါ သူ့ကြောင့်အိပ်ရေးပျက်သွားပြီပြီ အခုတစ်ခါ ထပ်နှောက်ယှက််ဖို့ ဝန်လေးနေမိသည်။

" အဲမှာပဲ ရပ်နေတော့မှာလား မအိပ်တော့ဘူးလား "

မိုးစက် တံခါးခေါက်သင့်မလား မခေါက်သင့်လား စဥ်းစားနေတုန်းက တံခါးက ရုတ်တရက်ဖွင့်သွားပြီး အထဲကလူက ပြောလာသည်။

" ဝင် ... ဝင်မှာပါ "

မိုးစက်လဲ အခန်းထဲ ဝင်လိုက်တော့သည်။

Moon ခိုးနားထောင်နေတုန်း သူနဲ့အတူအိပ်မယ်ဆိုတဲ့ အသံကြားတော့ ချက်ချင်း အခန်းဆီပြန်ပေးပြီး တံခါးကို လော့ချထားလိုက်သည်။ အိပ်ရာပေါ်ခုန်တက်ပြီး ဆံပင်ကိုလည်း အနည်းငယ် ထပ်ဖွလိုက်သည်။

ဟိုလူတံခါးလာခေါက်တဲ့အချိန် သူအိပ်နေတဲ့ပုံစံ ပေါ် အောင်လို့ အသဲအသန်ကြိုးစားနေတော့သည်။

"ဟမ် ဘာလို့ မခေါက်သေးတာလဲ "

အချိန်အနည်းငယ်ကြာသွားပေမယ့် သူ့အခန်းရှေ့ လူရပ်နေသံပဲ ကြားပြီး တံခါးခေါက်သံမကြားတာမို့ Moon စိတ်မရှည်တော့ဘဲ တံခါးဖွင့်လိုက်တော့ မတ်တပ်ရပ်နေတဲ့ လူကို တွေ့လိုက်ရသည်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Donde viven las historias. Descúbrelo ahora