"ဦးဦးဖေဖေ ဒီမှာကြည့် ဒီမှာကြည့် "
စာရွက်လေးတစ်ရွက်ကို ကိုင်ရင်း ပြေးဝင်လာတဲ့ တည်စက်သာ ခြံတံခါးကို တွန်းဖွင့်ရင်း ပြေးဝင်လာခဲ့တယ်။
" တိုးတိုးနေ အဘွားအိပ်နေတယ် "
မိုးစက် စွာကျယ်စွာကျယ်ဖြစ်နေတဲ့ တည်စက်သာလေးကို ပိတ်ဟောက်ပစ်လိုက်တယ်။ ဒီကလေးက တစ်နေ့ပြီးတစ်နေ့ ဆိုးနေတာ
" သား အမှတ်ပြည့်ရတယ် ဦးဦးဖေဖေ ဂတိပေးထားတဲ့အတိုင်း သားကိုကိုယ်ပိုင်ဂိမ်းစက်ဝယ်ပေးရတော့မယ် "
သူကိုလှည့်ပတ်ရင်း ခုန်ပေါက်နေတဲ့ တည်စက်သာ
"ငြိမ်ငြိမ်ထိုင် "
မိုးစက် အမှတ်စာရွက်ကို ယူကြည့်လိုက်တော့ တကယ်ကို အမှတ်ပြည့်ပဲ။ Moon နဲ့ပေါင်းပြီး ဂိမ်းပဲဆော့နေတဲ့ တည်စက်သာကို အမှတ်ပြည့်ရရင် ဂိမ်းစက်ဝယ်ပေးမယ်လို့ စာလုပ်အောင် မဲဆွယ်ထားတာ တကယ်ဝယ်ပေးရတော့မှာပဲ
" တော်တယ် ဒီတစ်ပတ်အတွင်း ဝယ်ပေးမယ် "
"ရေးးး နှင်းလေးကိုသွားကြွားရမယ် "
အထဲကိုပြေးဝင်သွားတဲ့ တည်စက်သာကိုကြည့်ပြီး ပြုံးနေမိတယ်။ အခုတော့ အဘွားအရင်က သူ့ယောက်ျားနဲ့ နေခဲ့တဲ့ အိမ်လေးမှာ နေနေရင်း အဘွားကို ပြုစုနေတယ်။Moonကတော့ အလုက်တစ်ခုဝင်လုပ်ပြီး သူတို့နဲ့အတူတူနေနေတုန်း။
အေးစိမ့်စိမ့်ခံစားချက်ကြီးကြောင့် မိုးစက် ကြက်သီးမွှေးညင်းလေးများပင်ထသွားသည်။
ဒီခံစားချက်ကြီးရနေတာ တစ်လလောက်တော့ရှိပြီ။ မိုးစက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့လဲ အေးချမ်းသာယာတဲ့ မြို့လေးဆိုတဲ့အတိုင်း ဘာသံသယဖြစ်ဖွယ်ကိုမှ မတွေ့ဘူး။
"အပြင်မှာ မအေးဘူးလား "
အသံကြားလိုက်မှ Moon အလုပ်ကပြန်လာတာ ဖြစ်နေတယ်။
" ပြန်လာပြီလား "
"ပြန်လာပြီ ကြက်ကြော်နဲ့ ကိုလာလဲဝယ်ခဲ့တယ် စားကြရအောင် "
Moon လဲ မိုးစက်အနားသွားလိုက်ပြီး ပခုံးကို ဖက်ကာ အိမ်ထဲအတူတူဝင်ခဲ့တော့သည်။
ŞİMDİ OKUDUĞUN
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Bilim KurguCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...