"နှင်းလေးရေ သား ရေခဲမုန့်ဝယ်လာတယ် "ရေခဲမုန့်ဘူးကို ပိုက်ကာ နှင်းလေးရှိတဲ့အခန်းထဲကို ပြေးဝင်သွားတဲ့ တည်စက်သာကို မိုးစက်လှမ်းအော်လိုက်ရသေးသည်။
"အများကြီးမစားနဲ့နော် ထမင်းစားရတော့မှာ "
" ဟုတ်ကဲ့ပါ ဦးဦးဖေဖေ "
မိုးစက်လဲ မီးဖိုချောင်ထဲဝင်ပြီး တစ်ခုခုချက်ရန်ပြင်လိုက်သည်။ သူဝတ်နေကျ အေပရွန်ကိုရှာမတွေ့ပေ။
" ဒါရှာနေတာလား "
Moon လက်ထဲက အေပရွန်တစ်ခု ဒါပေမယ့် သူဝတ်နေကျတော့ အေပရွန်တော့ မဟုတ်ဘူး။
" ဒါ ကျုပ်အသစ်ဝယ်လာတာ ခင်ဗျားသုံးနေကျဟာက ပြဲသွားလို့ "
Moon က ပြောရင်းရှေ့တိုးလာသည်။ ပြီးတော့ မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ မိုးစက်ရှေ့ ရပ်လိုက်သည်။ မိုးစက်က မပုဘူးဆိုပေမယ့် အသက် ၂၀ အရွယ် Moon လောက်တော့ မထွားပေ။
ကြောင်တောင်တောင်ဖြစ်နေတဲ့ မိုးစက်ကို အသစ်ဝယ်လာတဲ့ အေပရွန်ကို ဝတ်ပေးလိုက်သည်။
"ရတယ် ...ကိုယ့်ဘာသာ ဝတ်လ်ို့ရတယ် "
" ငြိမ်ငြိမ်နေ ပြီးတော့မယ် "
Moon သူ့လက်တံရှည်ကြီးတွေနဲ့ မိုးစက်ရဲ့ခါးလေးကို ဖြတ်ပြီး ကြိုးချည်ပေးလိုက်သည်။
"ခင်ဗျားနဲ့ လိုက်သားပဲ "
Hello Kitty အရုပ်လေးနဲ့ ပန်းရောင်အေပရွန်ကြီးလေ သူလိုကျားကျားယားယား ယောက်ျားသားတစ်ယောက်နဲ့ ဘယ်လို လိုက်ဖက်မှာလဲ
မောင်ကို ပန်းရောင်ခေါင်းစည်းကြိုးတွေနဲ့ စည်းပေးနေလို့ သူဝဋ်လည်တာလား
" ခင်ဗျားနဲ့ စောနက ကောင်က ချစ်သူတွေလား "
သူ့ကိုယ်ရေးကိုယ်တာ မေးခွန်းမို့ မိုးစက်မဖြေချင်ပေမယ့် Moon နဲ့သူက အမြဲတွေ့နေရမှာ ။ဟိုနေ့ညကတည်းက Moon ရိပ်မိနေပြီးသားဖြစ်မှာမို့ မိုးစက်လဲ မငြင်းချင်တော့။
"ဟုတ်တယ် "
"ခင်ဗျားနဲ့ သူကမလိုက်ဖက်ဘူး "
Moon သတိမထားမိဘဲ ပြောမိသွားတာကို သတိဝင်သွားချိန် သူ့ရှေ့က မိုးစက်ရဲ့မျက်နှာမှာ အလိုမကျခြင်းတွေနဲ့ ပြည့်နေပြီ
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...