အချိန်အတိုင်းအတာ ၆လကြာမြင့်တဲ့အချိန် မိုးစက်တစ်ယောက် သူ့အလုပ်ကို အတော်အကျွမ်းဝင်နေပြီဖြစ်သည်။ သူ့ရဲ့သင်ယူစိတ်နဲ့ ကြိုးစားစိတ်ကြောင့် အိမ်တော်ထိန်းကြီးကလဲ Boss နဲ့ပတ်သက်တဲ့ ကိစ္စတွေဆို သူ့ကိုသာလွဲထားတတ်တော့သည်။
ဒီအလုပ်က သူ့ဘဝတက်လမ်းမရှိပေမယ့် သူ့ဘဝအတွက်တော့ အကျိုးရှိတာမို့ မိုးစက်နှစ်သက်ပေမယ့် တစ်ခါတစ်လေတော့လဲ
Boss ဆိုတဲ့ကောင်ကို စောက်ရမ်းဆောင့်ကန်ပစ်လိုက်ချင်တယ်
"မောနင်းပါ"
သူ စပြီးဒီအလုပ်လုပ်ကတည်းက လုပ်နေကျတာဝန်ဖြစ်ပေမယ့် တစ်ခုတိုးသွားတာက
" ပြွတ် "
နိုင်ငံခြားတွေမှာ မနက်ခင်းဆို ပါးကိုနမ်းပြီးနှုတ်ဆက်ရတယ်ဆိုပြီး မနက်ခင်းတိုင်း Boss က သူ့ပါးကို နမ်းနမ်းတတ်တယ်။
အစကတော့ မသတီပေမယ့် သူကိုယ်တိုင်လဲမရောက်ဖူးတဲ့ နေရာက ယဥ်ကျေးမှုလဲဖြစ်တဲ့အပြင် Boss ဖြစ်သူရဲ့ စကားဖြစ်နေတာမို့ သူ မျက်စိပိတ်သာ နေလိုက်ရတော့တယ်။
ပါးကို အမြဲတမ်းတော့ မနမ်းပါဘူး တစ်ခါတစ်လေပေါ့ တစ်ခါတစ်လေပါပဲ... တစ်ကယ့်ကို တစ်ခါတစ်လေမှ တစ်ခါတစ်လေ
အရင်ကတော့ Boss အလုပ်သွားတာနဲ့ သူက အိမ်ကြီးမှာ ကျန်နေခဲ့ပေမယ့် အခုတော့ Boss ရဲ့ ကုမ္မဏီအထိပါ လိုက်သွားနေရပြီ။
" တာ့တာ ဦးဦးဖေဖေ တာ့တာ Daddy Boss "
အဲလိုမျိုး အလုပ်သွားရင်းနဲ့လဲ တည်စက်သာလေးကို Boss က သူ့ရဲ့ကားနဲ့ ကျောင်းလိုက်ပို့တတ်သေးတယ်
Daddy Boss အမ် အခေါ်အဝေါ်ကြီးက နည်းနည်းထူးဆန်းပေမယ့် အဲတာကို Boss ကိုယ်တိုင်ရွေးချယ်ထားတဲ့ နမည်ကြီး
ဘာစိတ်ကူးနဲ့လဲတော့ မသိဘူး
NL ဆိုတဲ့ ကုမ္မဏီကြီး။ ရင်းနှီးမြုပ်နှံမှု ကုမ္မဏီလည်းဖြစ်ပြီး သူ့ရဲ့နမည်အောက်မှာပဲ ကိုယ်ပိုင်လေကြောင်းလုပ်ငန်းနဲ့ သင်္ဘောဆိပ်လဲရှိတယ် ။အကုန်လုံးကို မင်းဒဿမောင်တစ်ယောက်တည်း ဦးစီးတာ ။ NL Brand တံဆိပ်နဲ့ ကားထုတ်လုပ်တဲ့လုပ်ငန်းကတော့ မင်းဒဿမောင်ရဲ့ အဖေဖြစ်တဲ့ ဦးမင်းသူရမောင် ပိုင်ဆိုင်တဲ့လုပ်ငန်းဖြစ်ပြီး NL နမည်အောက်က ကျောက်မြတ်ရတနာလုပ်ငန်းကတော့ မစ္စဟန် ပိုင်ဆိုင်ထားတဲ့လုပ်ငန်းတွေပဲ ။
KAMU SEDANG MEMBACA
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Fiksi IlmiahCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...