၈ (Unicode )

3.4K 193 12
                                    

အိမ်တော်၏ဆင်ဝင်အောက်ကို ကားရောက်လာတာနဲ့ အဆင်သင့်စောင့်နေတဲ့ အလုပ်သမားက ကားတံခါးလာဖွင့်ပေး၏။

မင်းဒဿမောင် အရင်ဆုံးထွက်လိုက်ပြီး သူ့အနောက်က ထွက်လာတဲ့ မက်မွန်သီးကိုကြည့်လိုက်တော့ သူ့ကိုတစ်ခုခုပြောချင်နေပုံ။

" ဘာပြောစရာရှိလို့လဲ "

" ဟို .... ကျွန်တော် သား ဘယ်မှာရှိလဲဗျ သူကားထဲမှာ အိပ်ပျော်နေတာ "

" အော် အဲကလေးလား သူနေရမယ့်နေရာကို ပို့ထားတယ် "

" အဲနေရာ ဘယ်နေရာလဲဗျ ကျွန်တော်ပစ္စည်းတွေ နေရာချရအုံးမှာမို့ "

"မလိုဘူး ကိုယ်တစ်ခြားသူတွေကို ခိုင်းထားတယ် အဲလိုကိစ္စတွေ မိုး ကိုယ်တိုင်လုပ်စရာမလိုဘူး "

ရုတ်တရက်ပါပဲ သူ့ကိုတစ်စုံတစ်ယောက်က ' မိုး' လို့ ခေါ်သံကြားလိုက်ရတယ် ကြက်သီးမွှေးညင်းတွေက အလိုလိုထောင်တက်လာပြီး တဖျန်းဖျန်းခံစားနေရတယ် သူ့နမည်က မိန်းကလေးမဆန်ပါဘူး ဘာလို့ ဒီကောင်က သူ့ကို မိန်းကလေးတစ်ယောက်လို ဆက်ဆံနေရတာလဲ

"  ဒါဆို ကျွန်တော်အလုပ်က ဘာလုပ်ရမှာလဲ "

"  မိုး လုပ်ရမှာကို  ကိုယ်ထပ်သင်ပေးမယ် အခုတော့ သူနဲ့လိုက်သွားလိုက်  "

မင်းဒဿမောင် အသက်အရွယ်ကြီးပြီး သေသပ်ပြီး ဥပတိရုပ်ရည်ခန့်လှတဲ့ လူတစ်ယောက်ကို လက်ညိုးထိုးပြလိုက်၏။ ထိုလူမှာ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လက်တွင်လည်း ပိုသားလက်အိတ်ဖြူကို ဝတ်ထားပြီး တစ်အိမ်လုံးကို အုပ်ထိန်းရတဲ့ အိမ်တော်ထိန်းတစ်ဖြစ်လဲ ဘဏ္ဍာစိုးတစ်ယောက်ဖြစ်သည်။

သူရှေ့ကနေ အိမ်ကြီးဆီ ဝင်သွားတဲ့ မင်းဒဿမောင်ကို ကြည့်လိုက်ပြီး အကြည့်ပြန်လွဲကာ အိမ်တော်ထိန်းအနောက်ကို လိုက်သွားတော့၏။

" ဒီအခန်းက မင်းနေရမယ့်အခန်း "

မိုးစက်အခန်းကို ကြည့်လိုက်တော့ အရင်သူတို့နေခဲ့တဲ့ အိမ်ငှားအိမ်တစ်အိမ်စာလောက်ပင်ရှိ၏။ ဒီအခန်းကို ဒီအိမ်မှာတော့ အပိုခန်းအနေနဲ့ ထားထားပြီး အခုတော့ သူ့နေရမဲ့အခန်းပင်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Tahanan ng mga kuwento. Tumuklas ngayon